Thursday 26 July 2012

ဂရိအိုလံပစ်အားကစားမယ် လူမျိုးရေးခွဲခြားမှုကြောင့် ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခံရ

ဂရိနိုင်ငံမှ အိုလံပစ်ပြိုင်ပွဲဝင်မည့် ပြေးခုန်ပစ် အားကစားမယ် တစ်ဦးအား လူမျိုးရေး ခွဲခြားမှုကြောင့် ပြိုင်ပွဲဝင်ခွင့် ပိတ်ပင် တားဆီးလိုက်ကြောင်း သိရှိရသည်။ သူမသည် လူမျိုးရေး ထိပါးစော်ကားသော Postတစ်ခုကို Twitter ဝက်ဘ်ဆိုက်တွင် ရေးသား လွှင့်တင်ကာ ဟာသလုပ်ခဲ့သည့်နောက် ပြဿနာ တက်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဗူလာ ပါပါချရီတူသည် အိုလံပစ်တွင် နိုင်ငံကို ကိုယ်စားပြုခွင့် ဆုံးရှုံးခဲ့ရသည်။ သူမသည် နိုင်ငံရေး ပါတီတစ်ခုကို အာဖရိကမှ အခြေချ ပြောင်းရွှေ့လာသူများက ထောက်ခံမှုအပေါ် အရွှမ်းဖောက် ပြက်လုံးထုတ် ရေးသားခဲ့ရာမှ
 နောက်ဆက်တွဲ ဂယက်များနှင့် ကြုံလာရခြင်းဟု သတင်းများက ဖော်ပြသွားသည်။




ဗူလာက "ဂရိမှာ အာဖရိကန်တွေ အများကြီး ရှိနေပါတယ်။ ဘာပဲဖြစ်ဖြစ် နိုင်းလ်မြစ် အနောက်ဘက်က
 ခြင်တွေကတော့ ဒေသထွက် အစားအစာနဲ့ မကင်းကွာလောက်သေးပါဘူး"ဟု
 လှောင်ပြောင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက်ပိုင်းတွင် သူမ၏ လုပ်ရပ်အပေါ် ဝေဖန်မှုများ ပြင်းပြင်းထန်ထန် ထွက်ပေါ်လာခဲ့သလို သူမကို အိုလံပစ် ပြိုင်ပွဲတွင် ပါဝင်ခွင့် ပိတ်ပင်ပေးရန် တောင်းဆိုမှုများလည်း ရှိလာခဲ့သည်။ အသက်(၂၃)နှစ်ရှိ ဗူလာက သူမသည် ထိုစာသားများကို အနောက်အပြောင် သဘောမျိုး ရေးခဲ့ခြင်းသာ ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း ဂရိအိုလံပစ် ကော်မတီက သူမအား လူစာရင်းမှ ချန်လှပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်


ref:dailymail

No comments:

Post a Comment