Thursday 26 July 2012

ဖိလစ်ပိုင်သမ္မတဟောင်း အာရိုယိုအား အာမခံဖြင့် ပြန်လွှတ်ပေး

ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတဟောင်း ဂလိုရီရာ မက်ကာပါဂယ်လ် အာရိုယိုအား  ယခုအခါ အာမခံဖြင့်
 ပြန်လွှတ်ပေးထားလိုက်ကြောင်း သိရှိရသည်။ တရားရုံးက ဖမ်းဆီးချုပ်နှောင်ထားသူ အမျိုးသမီး သမ္မတကို ပြန်လွှတ်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းသည် နိုင်ငံအတွင်း အံ့ဩစရာ အခြေအနေတစ်ခုသဖွယ်
 ဖြစ်လာသည်။ တရားရုံးက ဗုဒ္ဓဟူးနေ့တွင် မဲလိမ်မှုဖြင့် စွဲချက်တင်ခံထားရသည့် အာရိုယိုကို
 ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။ 

အာရိုယိုသည် စစ်ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေရပြီးနောက် ယခုအခါ (၈)လကြာ အချုပ်အနှောင်မှ လွတ်မြောက်လာခြင်း ဖြစ်သည်။ သူမသည် ဗင်ကားတစ်စင်းဖြင့် မနီလာရှိ နေအိမ်သို့ ပြန်ရောက်လာပြီး သူမ၏ နေအိမ်ရှေ့တွင် ပြည်သူအချို့က ဆန္ဒပြခဲ့ကြသည်။ သူမသည် ပီဆိုငွေ တစ်သန်းတန် အာမခံဖြင့် လွတ်မြောက်လာခြင်း ဖြစ်သည်။ "သမ္မတဟောင်းက တော်တော် ပိန်နေပါပြီ။ ကျန်းမာရေးလည်း သိပ်မကောင်းဘူး"ဟု သူမ၏ ရှေ့နေအဖွဲ့မှ ဖာဒီနန် တိုပီစီယိုက ပြောကြားခဲ့သည်။ 






နိုဝင်ဘာလက ဖိလစ်ပိုင် အစိုးရသည် အာရိုယိုအား နိုင်ငံအတွင်းမှ ထွက်ခွာခွင့် တားဆီးခဲ့ပြီး ရက်အနည်းငယ် အကြာတွင် ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိခဲ့ကြောင်း စွ့်စွဲချက်ဖြင့် အဖမ်းခံခဲ့ရသည်။ သူမသည် ကျန်းမာရေး စစ်ဆေးရန် အကြောင်းပြချက်ဖြင့် ပြည်ပသို့ ထွက်ခွာရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့ချေ။ အာရိုယိုသည် (၂၀၀၇)ခုနှစ်က ဖိလစ်ပိုင်တောင်ပိုင်း ကျွန်းတစ်ခုမှ အုပ်ချုပ်ရေးမှူးကို မဲခိုးမဲလိမ်မှု ပြုလုပ်ရန် ညွှန်ကြားခဲ့ကြောင်း စွပ်စွဲ ခံထားရသည်။ သမ္မတဟောင်း ကိုယ်တိုင်ကမူ ယင်းကို ငြင်းပယ်ထားကြောင်း သိရှိရသည်


ref:planet

No comments:

Post a Comment