Thursday 26 July 2012

မြန်မာတရားရုံးက ထိုင်းနိုင်ငံသား ၉၂ ဦးအား ထောင်သုံးနှစ်ခွဲစီချမှတ်


ရနောင်း၊ ဇူလိုင် - ၂၆

ကော့သောင်းခရိုင်ရှိ မြန်မာတရား ရုံးတစ်ရုံးက ထိုင်းနိုင်ငံသား ၉၂ ဦးအား သစ်တောများ ဖျက်ဆီးမှု နှင့်တရားမ၀င် ၀င်ရောက်မှုများ ဖြင့် ထောင်ဒဏ်သုံးနှစ်ခွဲစီ ချမှတ် လိုက်ကြောင်းသတင်းရရှိသည်။ ယင်းမှာ ၎င်းတို့အပေါ် စွဲဆိုထား သည့် ပြစ်မှုငါးခုအနက်မှ နှစ်ခု အတွက် အပြစ်ပေးခြင်းဖြစ်သည်။

ကော့သောင်းတွင် ရှိနေ သော မြန်မာတရားရုံးက ဇူလိုင်လ ၄ ရက်တွင် ဖမ်းဆီးခဲ့သော ထိုင်း နိုင်ငံသားများအား ဇူလိုင် ၂၃ရက် နှင့် ၂၄ရက်တို့တွင် ရုံးတင်စစ် ဆေးခဲ့ပြီး အထက်ဖော်ပြပါပြစ်မှု နှစ်ရပ်အတွက် ၎င်းတို့အား ထောင် ဒဏ်သုံးနှစ်ခွဲစီ ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံမှ မြို့နယ် နယ်စပ်ကော်မတီဥက္ကဋ္ဌ ဗိုလ်မှူး ကြီးပေါင်ဆက်ပွန်ဆာဝက်ကပြော ကြားသည်။
ယခု ချမှတ်လိုက်သော ပြစ်ဒဏ်မှာ မြန်မာအာဏာပိုင်များက စုံစမ်းစစ်ဆေးနေဆဲဖြစ်သော အခြားအမှုသုံးမှုနှင့် မပတ်သက် ကြောင်း အမှတ်(၂၅) ခြေလျင် တပ်ရင်းမှူးလည်းဖြစ်သူ ထိုင်း ဗိုလ်မှူးကြီးကပြောသည်။ ထိုင်း နိုင်ငံသားများအပေါ် စွဲဆိုထား သော အခြားအမှုများမှာ ဆေး ခြောက်အပါအ၀င် မူးယစ်ဆေး ၀ါးစိုက်ပျိုးမှု၊ လက်နက်ငယ်နှင့် စစ်သုံးလက်နက်များ ပိုင်ဆိုင်မှု၊ တာဝန်ဝတ္တရားနှောင့်ယှက်မှုများ ပါဝင်သည်။

မြန်မာအစိုးရထံမှ အကူအ ညီနှင့် ပူးပေါင်းဆောင်ရွက်မှုရရှိ လိမ့်မည်ဟု မျှော်လင့်ကြောင်း ဗိုလ်မှူးကြီးပေါင်ဆက်ကပြော ကြားသည်။ ဖမ်းဆီးခံရသော ထိုင်းနိုင်ငံသား ၉၂ဦးတွင် အမျိုး သား ၈၂ဦးနှင့် အမျိုးသမီး ၁၀ဦး ပါဝင်သည်။

မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း မကြာသေးမီ ရက်ပိုင်းက ထိုင်းနိုင်ငံခရီးစဉ်အ တွင်း ထိန်းသိမ်းခံထားရသူများအ တွက် ပြစ်ဒဏ်လျှော့ပေါ့ပေးရန် စဉ်းစားပေးမည်ဟုပြောကြားသော် လည်း အချို့မှာ လက်နက်များ ကိုင်ဆောင်မှုနှင့် မူးယစ်ဆေးအမှု များ ပါဝင်နေသဖြင့် တရားဥပဒေ အတိုင်း ပြီးပြတ်အောင် ဦးစွာ ဆောင်ရွက်ရမည်ဟုပြောကြားခဲ့ သည်။
 ref:7days

No comments:

Post a Comment