Thursday 26 July 2012

မျိုးချစ်မြန်မာများ အတွက်တပ်လှန့်သံ


မျိုးချစ်မြန်မာများ အတွက်…တပ်လှန့်သံ
အာဇာနည်၊ စစ်တွေ။



          နိုင်ငံတော်အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲမှုများကို အားကြိုးမာန်တက်ဆောင်ရွက် နေသည်မှာ အထင်အရှားဖြစ်သည်။ မြစ်ဆုံစီမံကိန်းအပါအ၀င် မီဒီယာကဏ္ဍတွေကိုကြည့်မယ်ဆိုရင် ပြည်သူ့ဘက်မှ ရပ်တည်မှုများစွာကိုပြုလုပ်ခဲ့သည်။ဤသည်ကားရုပ်ပိုင်း၊စိတ်ပိုင်းအားလုံးကို ကိုယ်စားမပြုနိုင်သော်လည်း
 ပြုပြင် ပြောင်းလဲမှုများ၏ အစိတ်အပိုင်းကြီးများဟုဆိုလျှင် မှားအံ့မထင်။ ငြိမ်းချမ်းရေးပြုလုပ်နိုင်ခဲ့မှုများ
သည်လည်း ဂုဏ်ထူးမှတ်ရနိုင်စရာအချက်များ ဖြစ်လာပေမည်။ ပြီးပြည့်စုံမှုများကား မရနိုင်သေး။ အချို့အချက်များမှာတစ်ဆင့်ချင်း၊ အချို့အကြောင်းအရာများမှာ ဖြေးဖြေးချင်းသွားရမည် ဖြစ်သည်။
မော်တော်ကားဖြင့်ပင် နှိုင်းယှဉ်ကြည့်ကြမည်။

          ဂီယာအမှတ်(၁)မှ (၅)သို့ ပြောင်းလဲလျှင်(သို့) (၅)မှ (၁)သို့ ပြောင်းလဲလျှင် အဆင်ချောမည်လော။ စက်ပိုင်းချို့ယွင်းမှု၊ အန္တရာယ်ဖြစ်မှုများ ဖြစ်လာမည်။ ဆိုလိုသည်က အချိန်တစ်ခုပေးရမည်ဟူ၍ ဖြစ်သည်။ ခုရေတွင်းတူး၊ ခုရေကြည်သောက်လို၍ မဖြစ်နိုင်။
          လတ်တလောကာလ၌ နိုင်ငံအနေဖြင့် ပြဿနာအချို့ကို ရင်ဆိုင်နေရသည်။ ကချင်ဒေသ မငြိမ်းချမ်းမှုနှင့် ရခိုင်ဘင်္ဂါလီအရေးအခင်း။ အတော်ကျပ်တည်းသည့် အနေအထားဖြစ်သည်။ ကချင်ဒေသ တွင် ငြိမ်းချမ်းရေးစကားများ ပြောကြသည်။ ဆွေးနွေးကြ၊ ညှိနှိုင်းကြသည်။ အချက်အလက်တွေကို တိုင်ပင်ကြသည်။ ညီအစ်ကိုများဖြစ်၍ မထောင်းသာလှ။ သေချာသည်က သိပ်မကြာသောကာလမှာ ကျွန်တော်တို့ ညီအစ်ကိုတွေ ပုခုံးချင်းဖက်၊ လက်ချင်းယှက်ကြတော့မည်။ ရှေ့မှာ ပန်းခင်းထားသောလမ်းဖြစ်သည်။
          ရခိုင်အရေးကျတော့ ဤနှယ်မဟုတ်တော့။ ကချင်က စိတ်ကောက်နေသော ညီအစ်ကိုဖြစ်၍ ဘင်္ဂါလီကတော့ ကိုယ့်နိုင်ငံကို လူမျိုးရေး၊ ဘာသာရေးအရ ကျူးကျော်နေသူဖြစ်သည်။ သို့ဆိုလျှင် ကျွန်တော်တို့ ဘာလုပ်ကြမည်လဲ။ စစ်တပ်ကို ကြိုက်သူ၊ မကြိုက်သူ၊ အစိုးရကို ကြိုက်သူ၊ မကြိုက်သူ၊ ပါတီစွဲ၊ ဂိုဏ်းဂဏစွဲများဖြင့် ကွဲလွဲနေသည့် ညီနောင်များအားလုံးထံမှ တစ်ညီတစ်ညွတ်လည်း ထွက်လာမည့် စကားရှိသည်။ လက်မခံနှင့် တိုက်ထုတ်ရန်။
          သို့ဆိုလျှင် ကျွန်တော်တို့ ပြည်သူတွေ ၀ိုင်းဝန်းကြမည်။ လုံခြုံရေးတာဝန်ယူနေရသည့် ရဲ၊ စစ်တပ် တို့ကို အားပေးကြ၊ ကူညီကြမည်။ ငွေအားမလို၊ လူအားမလို၊ မျိုးချစ်ခွန်အားသာလိုပါသည်။ အရိုင်းဆန်သည့် စကားဖြင့် ကုလားများကို ဆော်ကြမည်ပေါ့။ ဖြစ်နိုင်ပြီလား။ ဖြစ်နိုင်သည်။ ပြီးလျှင်တော့  ပျက်ကြရပေမည်။ နိမိတ်စကားမဟုတ်သော်လည်း မြင်နိုင်သည်။ အဘယ်ကို ဆိုလိုပါသနည်း။ ရှင်းပါမည်။
          ဘင်္ဂါလီများက ဆူပူမီးရှို့လူသတ်သည်။ ရဲနှင့် စစ်တပ်မှ သေနတ်နှင့်ပစ်၍ ရှင်းသည်ဆိုပါတော့။ ပွဲက ဤတွင်စ၍ဆူပါမည်။ ယခုမြေပြင်ကာလ မိုးပေါ်ထောင်သေနတ်ဖောက်၊ လူစုခွဲသည်ကိုပင် ဂျီဟတ် စစ်ပွဲလုပ်မည်တို့၊ မြန်မာပြည်အလုံးစုံပျက်စီးရေးလုပ်မည်တို့ ဆိုလာသည်။ ပစ်ပြီ၊ သေပြီ ဆိုလျှင်တော့ ပြောစရာပင်လိုမည်မထင်။ သို့ဆိုလျှင် ဤနည်းလမ်းက အဆင်မပြေနိုင်။ သမ္မတကြီးက လက်မခံနိုင် ပါကြောင်းနှင့် တတိယနိုင်ငံသို့ ပို့ပေးရန်ဟု သံတမန်နည်းဖြင့် ငြိမ်းအေးစွာ ဖြေရှင်းချင်သည်။ ဤသို့မှလည်း နိုင်ငံတကာက လက်ခံမည့် မူဝါဒဖြစ်ပေမည်။
          ကျွန်တော်တို့ မြန်မာတွေက အမျိုးထိ၍ နာသည်။ လက်မခံနှင့်၊ သေနတ်နှင့် ချိန်ပစ်ဟု ဆိုသည်။ ကျယ်ပြောသော နိုင်ငံရေးဂယက်အတွက် အကြီးအကဲတွေက ထိန်းသိမ်းနေကြရသည်။ လွန်ဆွဲပွဲကြီး ဖြစ်လာသည်။ ပြည်သူ၏ ဆန္ဒနှင့် နိုင်ငံတကာ၏ ဖိအားဖြစ်သည်။ တစ်ခုယူလျှင် တစ်ခုပေးရလိမ့်မည်။ ယခု နိုင်ငံရေးနည်းလမ်းအရ အတတ်နိုင်ဆုံးပြေလည်အောင်ဆောင်ရွက်နေ
သည့်ကြားမှပင် အမေရိကန်က ပိတ်ဆို့မှုကို ပြည့်ဝစွာ ပယ်ဖျက်သည်မဟုတ်။ ပြည်သူ့ဆန္ဒအရသာ 
ပစ်ခတ်လိုက်လျှင် ကျွန်တော်တို့ မြန်မာ၏ ဂုဏ်ရောင်ကမ္ဘာတွင် ပြောင်မည်မဟုတ်တော့။
          ဒါဖြင့် ရဲနှင့် စစ်တပ်က ကြောက်နေ၍ဟု စောကြောလာနိုင်သည်။ မထင်ပါနှင့်။ မြန်မာ့သွေး ရဲရဲနီ နေပါသည်။ ကြောက်စိတ်မရှိပါ။ ပြည်သူအတွက် ဖြစ်နေ၍ လက်သီးဆုတ်၊ အံကြိတ်နေခြင်းသာ ဖြစ်သည်။ ဘင်္ဂါလီအရေး၊ ဓားသွေးပြီး ဖြစ်ပါသည်။ အသုံးအချသင့်သောနိုင်ငံရေး
အခြေအနေအရသာ ဖြစ်ပါသည်။
          (က)   ဤမျှပြုပြင်ပြောင်းလဲရေးကို အလေးထားလုပ်ဆောင်နေသည်ကိုပင် မယုံကြည်သေးသည့် ကာလ၊ ပိတ်ဆို့မှုရှိသေးသည့် ကာလတွင် ကျွန်တော်တို့၏ ဖြစ်ချင်သောဆန္ဒအတိုင်း လုပ်ကိုင်ခဲ့ပါလျှင်၊
          (ခ)    ဤှဆန္ဒအတိုင်း အကောင်အထည်ဖော်လိုက်ပါက ကမ္ဘာတစ်ဝန်း အစ္စလာမ်နိုင်ငံများသို့ ရောက်နေသောရှိ ညီအစ်ကိုမောင်နှမများအတွက်  ကြုံရမည့် အခက်အခဲ။
(ဂ)     ပြည်တွင်း၊ ပြည်ပမှ အစိုးရအပေါ် အမြင်မကြည်လင်သေးသည့် ညီအစ်ကိုမောင်နှမ ပါတီများ။


          ချုပ်ပါမည်။ မြန်မာ့သွေး ရဲပါသည်။ လက်မောင်းသွေးဖောက်စစ်ရန်မလိုပါ။ အမျိုးထိလျှင် မချိအောင် နာပါသည်။ လက်သီးဆုတ်၊ အံကြိတ်၍ ဓါးသွေးထားပါသည်။


No comments:

Post a Comment