Thursday 26 July 2012

ဘိန်းဖြူထက်ပိုမိုဆိုးရွားသော မူးယစ်ဆေးအသစ်တစ်မျိုး ဆိုက်ဘေးရီးယားတွင် ရှာဖွေတွေ့ရှိ

ကားတာယာများပြုပြင်ရာ၌ အသုံးပြုလေ့ရှိသည့် ပစ္စည်းတစ်မျိုးဖြင့်ပြုလုပ်ထားပြီး ဘိန်းဖြူထက်
ပိုမိုဆိုးရွားသော မူးယစ်ဆေးဝါးဆေးအသစ်တစ်မျိုးကို ရုရှားနိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့မှ ရဲအရာရှိများက ဆိုက်ဘေးရီးယားဒေသရှိ တွမ်မက်စ်ခ်မြို့တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း အင်တာနက်သတင်း
တစ်ရပ်အရ သိရသည်။
အဆိုပါမူးယစ်ဆေးကို Zhgut ဟု အမည်ပေးထားပြီး လူငယ်၊ လူရွယ်အများအပြားထံသို့ ၎င်းဆေးဝါးများကို တိတ်တဆိတ်ဖြန့်ဖြူးခဲ့ကြကြောင်း ၎င်းရဲတပ်ဖွဲ့မှအကြီးအကဲ အီဂေါတိုလ်စတိုနိုဂေါ့ဗ်က ဇူလိုင် ၂၃ ရက်တွင် ပြောကြားခဲ့သည်။

Zhgut မူးယစ်ဆေးကို အသုံးပြုခြင်းသည် ဘိန်းဖြူကိုအသုံးပြုခြင်းထက် လူသားတို့၏ဦးနှောက်ကို ပို၍ထိခိုက် စေနိုင်ဖွယ်ရှိကြောင်း မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ကျွမ်းကျင်ပညာရှင်များအကြား
 လေ့လာဆန်းစစ်ချက် များအရ သိရကြောင်း ရဲတပ်ဖွဲ့အကြီးအကဲက သတင်းထောက်များအား
 ပြောကြားခဲ့သည်။
 
ref:internet

No comments:

Post a Comment