Friday 27 July 2012

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် အစိုးရစစ်တပ်နှင့် မွတ်ဆလင်မ်အစွန်းရောက် စစ်သွေးကြွအဖွဲ့ကြား တိုက်ပွဲဖြစ်ပွား

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် အစိုးရစစ်တပ်နှင့် မွတ်ဆလင်မ်အစွန်းရောက် စစ်သွေးကြွအဖွဲ့ကြား ကြာဿပတေးနေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရတပ်ဖွဲ့ဝင် ၇ ဦးနှင့် စစ်သွေးကြွအဖွဲ့ဝင် ၄ ဦးသေဆုံးကြောင်း ဖိလစ်ပိုင်စစ်တပ်က ပြောကြားသည်။


 


ဖိလစ်ပိုင်တောင်ပိုင်းရှိ ဘာစီလန်ကျွန်းတွင် အခြေစိုက်သော အယ်လ်ကေဒါအကြမ်းဖက်အဖွဲ့နှင့် အဆက်အသွယ်ရှိသည့် အဘူဆေယက်ဖ်အဖွဲ့နှင့် ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲတွင် စစ်သား ၃ ဦးနှင့် အဘူဆေယက်ဖ်အဖွဲ့ဝင် ၂ ဦးဒဏ်ရာရရှိခဲ့သည်။

အဘူဆေယက်ဖ် စစ်သွေးကြွအဖွဲ့က ဘာစီလန်ကျွန်းရှိ ရော်ဘာခြံလုပ်ငန်း အလုပ်သမားများကို တိုက်ခိုက်ခဲ့မှုကြောင့် စစ်တပ်က လိုက်လံရှင်းလင်းရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Channel News Asia သတင်းက ပြောကြားသည်။

No comments:

Post a Comment