Wednesday 25 July 2012

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Tomás Ojea Quintana လာမည့်ရက်သတ္တပတ်၌ လာရောက်မည်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Tomás Ojea Quintana သည် မြန်မာနိုင်ငံသို့ လာမည့်ရက်သတ္တပတ်၌ လာရောက်မည်ဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

၎င်းသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများနှင့် ပြုပြင်ပြောင်းလဲမှု တိုးတက်မှုများကို
 လေ့လာအကဲခတ်ရန် မြန်မာနိုင်ငံသို့ ဇူလိုင်လ ၃၀ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့အထိ လာရောက်မည်ဖြစ်ကြောင်း သိရသည်။
Tomás Ojea Quintana သည် မြန်မာနိုင်ငံတွင် ရှိနေစဉ်အတွင်း အစိုးရတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အပါအ၀င် အခြားတာဝန်ရှိသူများနှင့် တွေ့ဆုံသွားရန် နှင့် အဆိုပါခရီးစဉ်အတွင်း ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်များသို့ သွားရောက်နိုင်ရန်လည်း ခွင့်တောင်းထားကြောင်း သိရသည်။

၎င်းသည် မြန်မာနိုင်ငံသို့ ၂၀၀၈ ခုနှစ် သြဂုတ်လက ပထမဆုံး လာရောက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်အဖြစ် ၂၀၀၈ ခုနှစ် မေလမှစ၍ စတင်ဆောင်ရွက်နေသည်။

၎င်းသည် မြန်မာနိုင်ငံသို့ အကြိမ်ကြိမ် လာရောက်ခဲ့ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း လာရောက်ခဲ့သည်။ အဆိုပါခရီးစဉ်အတွင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ကျင်းပမည့် အထွေထွေညီလာခံတွင် အစီရင်ခံစာ နောက်တစ်စောင် မတင်သွင်းခင် မြန်မာနိုင်ငံကို နောက်တစ်ကြိမ် လာရောက်နိုင်ရန် 
 မျှော်လင့်ကြောင်းလည်း ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။
 
ref:EMG

No comments:

Post a Comment