Tuesday 22 December 2015

အထည်ချုပ်စက်ရုံ ပြိုကျမှု ထွက်ပြေးနေသူများကို ဖမ်းဆီးရန် ဘင်္ဂလားဒေ့ရှ်တရားသူကြီးအမိန့်ထုတ်

လူပေါင်း ၁,၁၀၀ ကျော် သေဆုံးခဲ့သော အထည်ချုပ်စက် ရုံ ပြိုကျမှုအတွက် လူသတ်မှုများ ရင်ဆိုင်ရန် တရားရုံးသို့ ရောက်မလာသူ ၂၄ ဦးကို ဖမ်းဆီးရန်နှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို သိမ်း ဆည်းရန် ဘင်္ဂလားဒေ့ရှ်တရားရုံး က အမိန့်ထုတ်သည်။
၂၀၁၃ ဧပြီလက ဖြစ်ပွားခဲ့ သော ရာနာပလာဇာပြိုကျမှုကိစ္စ တွင် တိမ်းရှောင်နေသူ ၂၄ ဦး အပေါ် လူသတ်မှုစွဲချက်များကို တရားရုံးက လက်ခံလိုက်ပြီး နောက် အကြီးတန်းတရားသူကြီး မိုဟာမက်အယ်အမင်က ဖမ်းဝ ရမ်းများ ထုတ်ပြန်လိုက်ခြင်းဖြစ် သည်။

ယင်းစက်ရုံပြိုကျမှုတွင် စုစု ပေါင်း ၄၁ ဦးကို လူသတ်မှုဖြင့် တရားစွဲထားပြီး ၂၄ ဦးမှာ တိမ်း ရှောင်နေ၍ ၎င်းတို့အား ဖမ်းဆီး ရေးနှင့် ပိုင်ဆိုင်မှုများ သိမ်းဆည်း ရန် တရားရုံးက အမိန့်ထုတ် လိုက်သည်ဟု အစိုးရရှေ့နေ အန် ၀ါရူလ်ကာဘေးက ပြောသည်။

အစိုးရစက်ရုံနှင့် အဆောက် အအုံ စစ်ဆေးရေးဌာန အရာရှိ လေးဦးကိုလည်း တရားစွဲထား သည်ဟု အစိုးရရှေ့နေက ပြော သည်။

ဌာနအများအပြားက အ ကာအကွယ်ပေးနေ၍ ယင်းအမှု စစ်ဆေးမှု နောက်ကျနေသည်ဟု ၎င်းကဆက်လက်ပြောသည်။

လူသတ်မှုဖြင့် စွဲချက်တင် ထားသူ ၄၁ ဦးတွင် စက်ရုံပိုင်ရှင် ဆိုဟဲလ်ရာနာလည်း ပါဝင်ပြီး အ မှုမစစ်ဆေးမီ ၎င်းကို ထိန်းသိမ်း ထားခဲ့သည်။

—Ref: AFP
7Day Daily

No comments:

Post a Comment