Tuesday 22 December 2015

မယ်စကြ၀ဠာပြိုင်ပွဲ ကျင်းပရာအနီး ကားဖြင့်တိုက်မှုကြောင့် လူတစ်ဦးသေ၊ ၁၄ ဦး ဒဏ်ရာရ

လာ့စ်ဗီးဂတ်စ်မြို့ Planet Holly Wood ဟိုတယ်ရှေ့ ယာဉ်မတော်တဆမှုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေစဉ် (David Becker/reuters)
မယ်စကြ၀ဠာ ပြိုင်ပွဲ ကျင်းပနေသော ကာစီနိုရုံနှင့် ဟိုတယ်တစ်ခုအနီးတွင် တနင်္ဂနွေညက ယာဉ်တိုက်မှု ဖြစ် ပွားပြီး လူတစ်ဦး သေဆုံးကာ ၁၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ သည်ဟု လာ့စ်ဗီးဂတ်စ်မြို့ အရာ ရှိများက ပြောသည်။
နာမည်ကျော် လာ့စ်ဗီးဂတ်စ် ကမ်းမြောင်ဒေသတွင် ဖြစ်ပွား သော ယာဉ်တိုက်မှုအတွင်း အ သက်ရှင်သူ ၁၄ ဦး၌ အမျိုးသား များ၊ အမျိုးသမီးများနှင့် ကလေး တစ်ဦး ပါဝင်သည်ဟု တက္ကသိုလ် ဆေးဖက်ဆိုင်ရာစင်တာမှ ပြော ရေးဆိုခွင့်ရှိအမျိုးသမီး ဒါနီတာ ကိုဟန်က ပြောသည်။

အရွယ်ရောက်ပြီးသူ နှစ်ဦး မှာ စိုးရိမ်ရသော အခြေအနေရှိပြီး အခြားလူများ ဒဏ်ရာပြင်းထန်သည်ဟု မစ္စစ်ကိုဟန်ကပြောသည်။ ဒဏ်ရာရရှိသူ အများစုသည် ပြင်သစ်စကားပြောသူများဖြစ်ကြ သဖြင့် မစ္စစ်ကိုဟန်က စကားပြန် ခေါ်ယူခဲ့ရပြီး ယင်းနေရာသို့ လာ ရောက်လည်ပတ်သော ကမ္ဘာ လှည့်ခရီးသွားများ ဖြစ်နိုင်ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။

Planet Hollywood Resort and Casino အဆောက်အအုံ အ ပြင်ဘက်၌ လမ်းသွားလမ်းလာ များကို ကားတစ်စီးက ၀င်တိုက်ခဲ့ သဖြင့် လူ ၃၀ ဦးအထိ ဒဏ်ရာရရှိခဲ့ကြောင်း Las Vegas Review ဂျာနယ်သတင်းက ဖော်ပြသည်။ ယင်းဒေသသို့ မသွားကြရန် လူအများအား ရဲတပ်ဖွဲ့က သတိ ပေးထားပြီး အခင်းဖြစ်ပွားရာ နေ ရာတစ်ဝိုက် ယာဉ်အသွားအလာ ရှုပ်ထွေးနိုင်သဖြင့် ယင်းဒေသကို ပိတ်ထားသည်။

အခြားသတင်းဌာနများ ၏ ဖော်ပြချက်အရ ယာဉ်မောင်း သည် အာဖရိကန်- အမေရိကန်လူ မျိုး အမျိုးသမီးတစ်ဦးဖြစ်ပြီး အ ခင်းဖြစ်ပွားပြီးနောက် ထွက်ပြေး သွားသော်လည်း အနီးအနားတွင် ပြန်ဖမ်းမိခဲ့ကြောင်း သိရသည်။ ၎င်းနှင့်အတူ ကလေးတစ် ဦးလည်း ပါဝင်သည်။ အချို့သတင်းများက ယင်း ယာဉ်တိုက်မှု မှာ တမင်တကာ ၀င်တိုက်မှုဖြစ်သည်ဟု ဖော်ပြထားစဉ် ရဲတပ်ဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှု မ ဟုတ်ဟု ဆိုသည်။

Ref: Reuters
7Day Daily

No comments:

Post a Comment