Tuesday 22 December 2015

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် တရားမဝင်ကုန်စည်ဖမ်းဆီး မှုများ လာ ၍ ဒေသ တွင်း ကုန်စည်စီးဆင်းမှုအေးနေ

ရှမ်းပြည် နယ်အရှေ့ပိုင်းတွင် တရားမဝင်ကုန် စည် စီးဆင်းမှုအား ဖမ်းဆီးမှုများပြား လာခြင်းကြောင့်ဒေသ တွင်း ကုန်စည် စီးဆင်းမှုအေးလာနေကြောင်း မော် တော်ယာဉ်လုပ်ငန်းရှင်များထံမှ သိရှိ ရသည်။
''Mobile Team က ပစ္စည်း တွေတအားဖမ်းတော့ ကားကြီးတွေ က တာချီ လိတ်-တောင်ကြီးသိပ်မ ဆွဲတော့ဘူး။ ရှမ်းမြောက် ဘက်ကို ဆွဲကြ တယ်။ အရင်ကကြက်သွန် ကားတို့၊ သစ်ကားတို့တွေဆွဲတယ်။ အခုတော့သိပ် မဆွဲတော့ ပါဘူး''ဟု ယာဉ်ပိုင်ရှင် တစ်ဦးဖြစ်သူ ဦးစိုင်းလာ က ပြောသည်။

ကုန်စည် သယ်ဆောင်မှု တွင် ထိုင်းနိုင်ငံတွင်းမှ ဆောက်လုပ်ရေး လုပ်ငန်း သုံး ပစ္စည်းများဖြစ်သော ဘိလပ်မြေနှင့် စိုက်ပျိုးရေး လုပ် ငန်း သုံးပစ္စည်းများ သာ အဓိကထား သယ်ဆောင်မှုများ ပြုလုပ်လျက်ရှိပြီး အခြားလူသုံးကုန်နှင့် စားသောက်ကုန် များမှာ ကုန်သွယ်မှုအေးနေကြောင်း သိရသည်။

''အခုနောက်ပိုင်း လမ်းတွေ တော့ ကောင်းသွားတယ်။ တံတား တွေလည်း ကွန်ကရစ်တံတားတွေ ဖြစ်လာတယ်။ အရင်က လနဲ့ချီပြီး သွားရတဲ့ခရီးက အခုတစ်ရက်၊ နှစ် ရက်နဲ့ ရောက်တယ်။ ဒါပေမဲ့ ကုန်စည် စီးဆင်းမှုမှာ ဂျူတီကို အပြည့်အဝ ဆောင်ရ တယ်။ လိုအပ်တာထက်ပို တဲ့ ကုန်စည်စိစစ် မှုတွေ လုပ်တော့ ယာဉ်ကြီးမောင်းတဲ့ ကားသမားတွေ သိပ်မသွားတော့ဘူး။ ခရီးသည် တင် ယာဉ်လောက်ပဲ သွားတယ်။ တစ် ရက်ကို အစီး ၃၀ လောက်တော့ဖြတ် တယ်'' ဟု ခရီးသွားလုပ်ငန်းအား အခြေပြု၍ စားသောက်ဆိုင်ဖွင့် ထားသော မိုင်းပျဉ်းမြို့နယ် ပန်းခင်း (မိုင် ၃၀) ကျေးရွာမှ ဆိုင်ပိုင်ရှင် ဦးစံလှက ပြောသည်။

တာချီလိတ် နယ်စပ်ကုန်သွယ် ရေးစခန်းမှ ၂၀၁၄-၂၀၁၅ဘဏ္ဍာ ရေးနှစ် အတွင်း မြန်မာ-ထိုင်းကုန် သွယ်မှုမှာ အမေရိကန်ဒေါ် လာ (၄၂ ဒသမ ၈၇၁)သန်းရှိခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ် လာ(၃၅ဒသမဝ၀၇) သန်းရှိခဲ့ခြင်း ကြောင့် ဘဏ္ဍာရေးနှစ်နှစ် ခု၏ကွာ ခြား ချက်မှာ အမေရိကန်ဒေါ်လာ (၇ ဒသမ၈၆၄)သန်းရှိပြီး ယခင်နှစ် ထက် ကုန် သွယ်မှုကျ ဆင်းလျက် ရှိ ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။

ယခင်ဘဏ္ဍာရေးနှစ်အတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ (၃ ဒသမ ၁၅၃) ရှိခဲ့ ရာ ယခုဘဏ္ဍာရေးနှစ် အတွင်း အမေရိကန်ဒေါ်လာ (၆ ဒသမ ၈၁၈)သန်း ရှိ ခဲ့ခြင်းကြောင့် ပို့ကုန်အနေနှင့် တိုးတက်လာပြီး သွင်းကုန်တွင် ယခင်ကအမေရိကန် ဒေါ်လာ (၃၉ဒသမ၇၁၈) သန်းရှိခဲ့ရာ ယခုနှစ်တွင်(၂၈ ဒသမ ၁၈၉)သန်း သာရှိခြင်းကြောင့် တရားဝင်ကုန်သွယ် မှုမှရရှိသည့် နိုင်ငံဘဏ္ဍာငွေ မှာကျ ဆင်းသွားကြောင်း တာချီလိတ် Mobile Team မှ သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီ လိတ်-တောင်ကြီးလမ်းကြောင်း၌ ၂၀၁၄ ခုနှစ်တွင် Mobile Team မှ တရားမဝင်ကုန်သွယ်မှု စစ်ဆေး ခြင်းအား စတင်ဆောင် ရွက်ခဲ့ပြီး နောက်ပိုင်း ကုန်စည်စီးဆင်းမှု အေး စက် သွားခြင်းဖြစ်ကြောင်း သိရ သည်။

KM(MMK)
‎Democracytoday‬

No comments:

Post a Comment