Tuesday 22 December 2015

ဆိုလာပြားနှင့် ဘက်ထရီအိုးတွဲစဉ် အပူလွန်ပြီး တာဟန်းရှိ မိဘမဲ့ဂေဟာမီးလောင်

ကလေးမြို့ တာဟန်းရပ် ကွက် နယ်မြေ(၁၁)ရှိ PCM အ သင်းတော် မိဘမဲ့ဂေဟာတွင် ဆို လာနှင့်ဘက်ထရီအိုးတွဲရာမှ အပူ လွန်ကဲ့၍ ရှော့ခ်ဖြစ်ပြီး မီးလောင် မှု ဒီဇင်ဘာ ၂၀ ရက် ည ၁၀ နာရီ ကျော်က ဖြစ်ပွားခဲ့ကြောင်း စစ် ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနရုံးမှ သတင်းရရှိသည်။
‘‘PCM မိဘမဲ့ဂေဟာ ယောက်ျားလေးအဆောင် မီးလောင်လို့ အသက် (၁၂) နှစ်အထက်ကလေးငယ် ၁၀ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။ ချက်ချင်းသွားရောက်ငြှိမ်းသတ်ခဲ့တဲ့အတွက် အဆောင်တစ်ဆောင်ပဲ မီးလောင်ကျွမ်းခဲ့တယ်။ တခြားအဆောက်အအုံတွေ ကူးစက်မှုမရှိပါဘူး’’ ဟု ကလေးမြို့ မီးသတ်တပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မီးလောင်မှုနှင့်ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲခဲ့သော ကလေး မြို့ PCM အသင်းတော် မိဘမဲ့ ဂေဟာမှူးကို ကလေးမြို့ မြို့မရဲ တပ်ဖွဲ့စခန်းက ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိ သည်။

7Day Daily

No comments:

Post a Comment