Tuesday 22 December 2015

လွှတ်တော်ကိုယ်စားလှယ်များသာမက အစိုးရအဖွဲ့များလည်း နိုင်ငံရေးပင်စင်ရရှိမည်ဟု သူရဦးရွှေမန်းပြော

တစ်လုံးတစ်ခဲ တည်းပေးအပ်မည့် နိုင်ငံရေးပင် စင်ငွေသည် လွှတ်တော်ကိုယ်စား လှယ်များကိုသာ ပေးအပ်မည်မ ဟုတ်ဘဲ နိုင်ငံတော်သမ္မတ၊ ၀န် ကြီးများ၊ ၀န်ကြီးချုပ်များအပါအ ၀င် အုပ်ချုပ်ရေးပိုင်းမှ ပုဂ္ဂိုလ်များ အားလုံး ပါဝင်ကြောင်း ပြည် ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။
‘‘လတ်တလောကာလမှာ တစ်လုံးတစ်ခဲတည်းသော နိုင်ငံ ရေးပင်စင် ချီးမြှင့်ငွေနဲ့ စပ်လျဉ်း ပြီး လွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င် ပြည်သူတချို့အနေနဲ့ သတင်းမီဒီယာများမှတစ်ဆင့် အ မျိုးမျိုးသော ဝေဖန်ပြောကြားမှု များကို ကြားသိနေရပါတယ်။ တ ကယ်တော့ အခုပြောနေကြတဲ့ တစ်လုံးတစ်ခဲတည်းသော နိုင်ငံ ရေးပင်စင်ချီးမြှင့်ငွေကို ခံစားခွင့် ရကြမှာက လွှတ်တော်ကိုယ်စား လှယ်များတင် မဟုတ်ပါဘူး။ ၂၀၁၁ ဇန်န၀ါရီကနေ ၂၀၁၆ မတ်လအတွင်း တာဝန်ထမ်း ဆောင်ခဲ့ကြတဲ့ နိုင်ငံတော်သမ္မတ၊ ဒုသမ္မတများအပါအ၀င် ပြည် ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တိုင်း ဒေသကြီး (သို့မဟုတ်) ပြည်နယ် အဆင့်ပုဂ္ဂိုလ်များ၊ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌနဲ့ အလုပ်အမှုဆောင်ကော်မတီဝင် များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နဲ့ ကောင်စီဝင်များအားလုံးပါဝင် ပါတယ်’’ဟု ပြည်ထောင်စုလွှတ် တော်နာယက သူရဦးရွှေမန်းက ရှင်းလင်းပြောကြားသည်။

အဆိုပါ တစ်လုံးတစ်ခဲ တည်းပေးအပ်မည့် နိုင်ငံရေးပင် စင်နှင့်ပတ်သက်သည့် ဝေဖန်မှု များထွက်ပေါ်နေခြင်းအပေါ် ဒီဇင် ဘာ ၂၁ ရက်၌ ပြုလုပ်သည့် ပြည် ထောင်စု လွှတ်တော်အစည်း အဝေး၌ လွှတ်တော်နာယကက လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ ခြင်းဖြစ်သည်။ ထိုသို့ရှင်းလင်း တင်ပြမှုသည် နိုင်ငံရေးပင်စင်နှင့် ပတ်သက်၍ လွှတ်တော်အား အ ပြစ်ပုံချနေခြင်းထက် တစ်ဖက်ရှိ သမ္မတဦးဆောင်သော အုပ်ချုပ် ရေးဆိုင်ရာ အဖွဲ့အစည်းများ လည်းပါဝင်သည်ဟု မီးမောင်းထိုး ပြခြင်းဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်အချို့က မှတ်ချက် ပြုပြောကြားခဲ့သည်။

‘‘နာယကကြီးက ဒီလိုပြော လိုက်တာကတော့ ရှင်းပါတယ်။ နိုင်ငံရေးပင်စင်ကိစ္စက ငါတို့ လွှတ်တော်ကိုချည်း လက်ညှိုးထိုး မနေနဲ့။ ဟိုဘက်အစိုးရအဖွဲ့က လူတွေလည်းပါတယ်။ သူတို့ကို လည်း ပြောဦးလို့ ပြောလိုက်တဲ့ သဘောမျိုးပါ။ နောက်ဆုံးရတဲ့ လစာနဲ့သာတွက်ရင် အစိုးရအဖွဲ့ က လွှတ်တော်ကိုယ်စားလှယ်တွေ ထက် သုံးဆကနေ ငါးဆအထိ များနေပါတယ်’’ဟု ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တစ်ဦး က ပြောသည်။

၂၀၁၁ ဇန်န၀ါရီ ၁၀ ရက် တွင် ယခင်အစိုးရက ပြဋ္ဌာန်းခဲ့ သော ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အ ဆောင်အယောင်များဆိုင်ရာ ဥပဒေပုဒ်မ ၂၆ ၌ နိုင်ငံတော် သမ္မတနှင့် ဒုသမ္မတများသည် ပုဒ်မခွဲ(က) သက်တမ်းကာလအ ပြည့် တာဝန်ထမ်းဆောင်ပါက မိမိတို့ရရှိလာသည့် လစဉ်ချီးမြှင့် ငွေကို အခြေခံ၍ ပြည်ထောင်စု အစိုးရအဖွဲ့ကသတ်မှတ်သည့် တစ်လုံးတစ်ခဲတည်းသော နိုင်ငံ ရေးပင်စင်ချီးမြှင့်ငွေ၊ လစဉ်နိုင်ငံ ရေးပင်စင် ချီးမြှင့်ငွေစရိတ်နှင့် အ ဆောင်အယောင်တို့ကို ခံစားခွင့် ရှိသည်။ ပုဒ်မ (ခ) အပြစ်တစ်စုံ တစ်ရာမရှိဘဲ သက်တမ်းကာလ မပြည့်မီ ကျန်းမာရေးချို့ယွင်း ချက်ကြောင့် ဆက်လက်တာဝန် ထမ်းဆောင်နိုင်ခြင်းမရှိလျှင်ဖြစ် စေ၊ သက်တမ်းတစ်ခုတွင် လစ် လပ်ရာထူးအတွက် တာဝန်ပေး အပ်ခြင်းကြောင့် တာဝန်ထမ်း ဆောင်ရလျှင်ဖြစ်စေ ယင်းတာဝန် ထမ်းဆောင်သည့် ကာလအတွက် မိမိတို့ရရှိသည့် လစဉ်ချီးမြှင့်ငွေ ကို အခြေခံ၍ ပြည်ထောင်စု အစိုး ရအဖွဲ့က သတ်မှတ်သည့် တစ် လုံးတစ်ခဲတည်းသော နိုင်ငံရေး ပင်စင်ချီးမြှင့်ငွေကို ခံစားခွင့်ရှိ သည်ဟု ဖော်ပြပြဋ္ဌာန်းထား သည်။

‘‘ဥပဒေများမှာ ပြဋ္ဌာန်းချက် များအရ တာဝန်ထမ်းဆောင်ခဲ့ကြ တဲ့ နိုင်ငံတော်သမ္မတ၊ ဒုသမ္မတ များက တစ်လုံးတစ်ခဲတည်းသော ပင်စင်ချီးမြှင့်ငွေအပြင် လစဉ် နိုင်ငံရေးပင်စင်ချီးမြှင့်ငွေ စရိတ် နှင့် အဆောင်အယောင်တို့ကိုပါ ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။ ကျန် တဲ့အဆင့်ဆင့်သော ပုဂ္ဂိုလ်များ အားလုံး တစ်လုံးတစ်ခဲတည်း သော နိုင်ငံရေးပင်စင်ချီးမြှင့်ငွေကို ခံစားခွင့်ရရှိကြမှာဖြစ်ပါတယ်’’ ဟု ပြည်ထောင်စုလွှတ်တော် နာယက က ဆိုသည်။

ယင်းပင်စင်ရရှိရေးကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းအသီးသီးက ဆက်သွယ်ဆောင်ရွက်ပေးမည် ဖြစ်ကာ ရရှိမည့် ငွေကြေးပမာဏ ကိုလည်း တာဝန်ထမ်းဆောင်မှု အချက်အလက်များအရ တွက် ချက်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ လွှတ်တော်ကိုယ်စား လှယ်များအား နိုင်ငံရေးပင်စင် ပေးအပ်မည့်ကိစ္စနှင့်ပတ်သက်၍ ပြည်သူလူထုအကြား ဝေဖန်မှု များ ပေါ်ပေါက်လျက်ရှိပြီး ပေး အပ်ခြင်းမပြုရန် ကန့်ကွက်ပြော ဆို ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိ သည်။

‘‘လွှတ်တော်ကိုယ်စားလှယ် များတင်မကပဲ နိုင်ငံတော်၏ ပြီးခဲ့ သည့် ငါးနှစ်တာကာလအတွင်းအ ဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ သော တင်ပြခဲ့သည့် ဥပဒေများမှ အကျုံးဝင်သည့် ပုဂ္ဂိုလ်များအား လုံး ခံစားခွင့်ရရှိတာဖြစ်ပါ ကြောင်း လွှတ်တော်အပိုင်းက ရှင်းလင်းသင့်တဲ့အခြေအနေကို အသိပေးတင်ပြခြင်းဖြစ်ပါတယ်’’ ဟု သူရဦးရွှေမန်းက ပြောသည်။

7Day

No comments:

Post a Comment