Tuesday 22 December 2015

တပ်သားတစ်ဦး လုယက်ခံရ

မင်္ဂလာဒုံမြို့နယ် တပ်မ တော်ဆေးတက္ကသိုလ်တွင် တာ ၀န်ထမ်းဆောင်နေသည့် တပ် သားတစ်ဦး တပ်မတော်ဂေါက် ကွင်းရှိ ဒဂုံဝန်ထမ်းအိမ်ရာအနီး တွင် ရိုက်နှက်လုယက်ခံရပြီး ပြစ် မှုကျူးလွန်သူများကို ဖမ်းဆီးရမိ ခြင်းမရှိသေးကြောင်း မင်္ဂလာဒုံ ရဲစခန်းမှ ရဲမှူးဝင်းရွှေက ပြော သည်။
ရိုက်နှက်လုယက်ခံရသည့် တပ်မတော်ဆေးတက္ကသိုလ်မှ တပ်သားဝင်းကျော် အသက်(၂၅) နှစ်သည် ဒီဇင်ဘာ ၁၉ ရက် ည ၁၂ နာရီတွင် ဗဟိုကင်းတာဝန်ပြီး ဆုံး၍ မိမိလိုင်းခန်းသို့ ပြန်လာစဉ် ဆိုင်ကယ်လူကြုံတင်ဆောင်လာ ရာမှ ရိုက်နှက်လုယူခံရခြင်းဖြစ် ကြောင်း ရဲမှူးဝင်းရွှေကဆိုသည်။

‘‘အလုပ်က တာဝန်ပြီးလို့ အိမ်ပြန်လာတယ်။ လမ်းမှာ လူ နှစ်ယောက်တွေ့တော့ လမ်းကြုံ လိုက်ချင်တယ်ပြောတယ်။ ပြီး တော့လမ်းစရိတ် ခုနစ်ရာပေး တော့ လမ်းကြုံတင်လာတယ်။ ဒဂုံဝန်ထမ်းအိမ်ရာနား ရောက် တော့ နောက်ကနေ မာတဲ့အရာ ၀တ္ထုနဲ့ထုပြီး လုတာပါ။ ဖုန်းတစ် လုံးတော့ပါသွားတယ်’’ဟု ရဲမှူး ၀င်းရွှေက ပြောသည်။

ရိုက်နှက်လုယက်ခံရသည့် တပ်သားဝင်းကျော်သည် ဦးခေါင်း နှင့်နားရွက်တို့တွင် ဒဏ်ရာအချို့ ရရှိခဲ့ပြီး အမှတ်(၁) တပ်မတော် ဆေးရုံကြီး (ခုတင် ၁,၀၀၀)၌ အတွင်းလူနာ (မစိုးရိမ်ရ)ဖြင့် တက်ရောက်ကုသနေသည်။ လုယက်မှု ကျူးလွန်သူ အသက်(၃၀)အရွယ် အမျိုးသားနှစ်ဦးကို မင်္ဂလာဒုံ ရဲစခန်းက ပြစ်မှုပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အဆိုပါရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

7Day Daily

No comments:

Post a Comment