Tuesday 22 December 2015

ရန်ကုန်နှင့် ဧရာဝတီရှိ မြို့နယ်ခြောက်ခုတွင် အာဟာရ အားဖြည့်ဆန်များ ဇန်န၀ါရီ၌ စတင်ရောင်းချမည်

ရန်ကုန်နှင့် ဧရာဝတီ တိုင်းရှိ မြို့နယ်ခြောက်ခုတွင် အာ ဟာရအားဖြည့်ဆန်များကို ဇန်န ၀ါရီ၌ ဖြန့်ဖြူးရောင်းချမည်ဖြစ် ကြောင်း သတင်းရရှိသည်။
အဆိုပါတိုင်းဒေသကြီးနှစ်ခု ရှိ ဆန်စက်များနှင့် ညှိနှိုင်း၍ ခေတ်မီစက်ကြီးများဖြင့် အားဖြည့်ဆန်ထုတ်လုပ်ခြင်းဖြစ်ပြီး ကျန်းမာရေးဝန် ကြီးဌာနလက်အောက် ရှိ အမျိုးသားအာဟာရဌာနခွဲ NNA၊FDA, PSI အဖွဲ့အစည်းနှင့် နိုင်ငံ ပေါင်း ၇၀ ကျော်အား အာဟာရလုပ်ငန်းများ ကူညီထောက်ပံ့ပေးနေသည့် PATH အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်ကြခြင်း ဖြစ် သည်ဟု အမျိုးသားအာဟာရ ဌာနခွဲ (NNA) ဒုညွှန်မှူး ဒေါက် တာထင်လင်းက ပြောသည်။

‘‘ကနဦးအနေနဲ့ ရန်ကုန်မှာ သုံးမြို့နယ်၊ ဧရာဝတီမှာ သုံးမြို့ နယ်ဆိုပြီးတော့ စီမံချက်မြို့နယ် ခြောက်ခုကို ရွေးလိုက်တယ်။ အဲဒီမှာ စဖြန့်သွားမယ်။ ဒီမြို့နယ် တွေပြီးရင် အထက်ပိုင်းတွေမှာ ဖြန့်မယ်။ အခုကတော့ ဈေးကွက် တွေမှာ ပုံမှန်ဈေးနီးပါးရောင်းချ နိုင်ဖို့၊ ဆန်ထုပ်တွေကို ရက်မလွန် ခင်ရောင်းချဖို့နဲ့ စားသုံးသူတွေက အာဟာရအားဖြည့်ဆန်ဆိုတာသိ ဖို့သတင်းအချက်အလက်ပေးတာ တွေကို လုပ်ဖို့စီစဉ်နေတယ်။ ဇန် န၀ါရီ ၂၀ လောက်ဖြစ်မယ်’’ဟု ၎င်းက ပြောသည်။

အာဟာရအားဖြည့်ဆန်ဆို သည်မှာ ကြိတ်ထားသော ရိုးရိုး ဆန်အမှုန့်နှင့် အာဟာရအုပ်စုဝင် များဖြစ်သော အိုင်းရွန်း၊ ဇင့်၊ ဗီတာမင် ဘီအုပ်စု၊ ရေတို့ဖြင့် ရောနှော၍ စက်ထဲထည့်မွှေပြီး အာဟာရဆန်အစေ့အဖြစ် ပြန် လည်ထုတ်လုပ်ခြင်းဖြစ်သည်။ ထိုမှတစ်ဆင့် ယင်းအာဟာရဆန် တစ်စေ့နှင့် ရိုးရိုးဆန် ၉၉ စေ့တို့ ကို ပြန်ရောပြီး ပါကင်ထုပ်၍ ဈေး ကွက်အတွင်း၌ ရောင်းချမည်ဖြစ် သည်။

အဆိုပါဆန်ကို လေးလမှ ခြောက်လအထိ စားသုံးလျှင် လို အပ်သောအာဟာရချို့တဲ့ခြင်းကို အားဖြည့်နိုင်မည်ဖြစ်ပြီး ကနဦးအ နေဖြင့် ဆန်တစ်ပြည်ဝင်အထုပ် များကို ဈေးကွက်အတွင်းဖြန့်ချိ မည်ဖြစ်ကာ ဈေးနှုန်းမှာ နဂိုမူရင်း ဈေးနှုန်းနှင့်ယှဉ်လျှင် ၂ ရာခိုင်နှုန်း မှ ၅ ရာခိုင်နှုန်းခန့်သာ ပိုနိုင် ကြောင်း သိရသည်။

‘‘ဈေးနှုန်းက အပြင်ဆန်ဈေး နဲ့ ၅၀၊ ၁၀၀ ထပ်ပိုမကွာဘူး။ လောလောဆယ်တော့ လူစားသုံး တာများတဲ့ ဧည့်မထဆန်နဲ့ ပေါ် ဆန်းမွှေးနှစ်မျိုးထုတ်ထားပါ တယ်’’ဟု ဒေါက်တာထင်လင်းက ဆက်လက်ပြောကြားသည်။

ယင်းဆန်ထုတ်လုပ်ခြင်းကို စီမံကိန်းအနေဖြင့် ဆောင်ရွက် ခြင်းဖြစ်ပြီး စီမံကိန်းကာလပြီးဆုံး လျှင် နည်းပညာနှင့် ခေတ်မီစက် ပစ္စည်းများကိုတိုင်းဒေသကြီးခုနစ် ခု၌ ချန်ထားပေးခဲ့မည်ဖြစ်သည်။ နိုင်ငံပေါင်း ၂၀ ကျော်၌ အဆိုပါ အားဖြည့်ဆန်ကို ထုတ်လုပ်နေ ကြောင်း PATH အဖွဲ့မှသိရသည်။

7Day Daily

No comments:

Post a Comment