Tuesday 22 December 2015

ရုံးသွားချိန် အတင့်ရဲစွာ ဆွဲကြိုးဖြတ်လုပြေးသူနှစ်ဦးအနက် တစ်ဦးကို ရပ်ကွက်ပြည်သူများ အကူအညီဖြင့် ဖမ်းဆီးမိ

ရုံးသွားအလုပ်သွားသူများနှင့်လူစည်ကားရာ နံနက်ခင်း၉နာရီအချိန် ဝန်းကျင်၌ပင် လှိုင်မြို့နယ် သဟာယ ၁၂ရပ်ကွက် ဘာတာ တွင်အတင့်ရဲစွာဆွဲကြိုးဖြတ်လုပြေးသူနှစ်ဦးအနက် တစ်ဦးကိုရပ်ကွက်ပြည်သူများ အကူအညီဖြင့်ဖမ်းဆီးမိသည်။
လုယူသူမှာ အင်းစိန်လမ်းမကြီးမှတဆင့် သဟာယရပ်ကွက်အတွင်းဖြတ်ပြေးခဲ့ရာ အနီးအနားမှပြည်သူများထပ်ချပ်မကွာ လိုက်ခဲ့သဖြင့် လူအများအထိတ်တလန့် ဖြစ်ခဲ့ရသည်။ ထို့နောက်အင်းစိန်လမ်းပေါ်၌ပင် မိခဲ့ရာပြန်လည်ခုခံသဖြင့် ဝိုင်းဝန်းတုန့်ပြန်ဖမ်းဆီးရာ ဒဏ်ရာရရှိခဲ့မှုကြောင့် ရဲတပ်ဖွဲ့က ဆေးရုံသို့ခေါ်ဆောင်သွားနေပြီး အသေးစိတ်သိရှိရပါက ပြည့်စုံစွာဖော်ပြပေးမည်ဖြစ်ပါသည်။


လတ်တလောအခြေအနေအရမူ ဆွဲကြိုးလုယူခံရသူအမျိုးသမီးကိုလှိုင်ရဲစခန်းသို့ခေါ်ဆောင်မေးမြန်းနေပြီး ဆွဲကြိုးမှာထွက်ပြေးလွတ်မြောက်သွားသူထံပါသွားသည်ဟု အခင်းဖြစ်နေရာတွင်ပြောဆိုနေမှုများအရသိရသော်လည်း အတည်ပြုနိုင်ရန်ပေါ်ပြူလာနယူးစ်မှကြိုးစားလျက်ရှိပါသည်။

Popular News Journal

No comments:

Post a Comment