Tuesday 22 December 2015

မြန်မာရေလုပ်သားသုံးဦးကို မြန်မာသင်္ဘောသားများကယ်တင်၍ ရန်ကုန်မြို့သို့ ပို့ဆောင်ပေး

မြန်မာရေလုပ်သားတစ်ဦးကို ကယ်တင်လာစဉ် (ဓာတ်ပုံ - Ko Zaw Htak Khine Facebook)
ပင်လယ်ပြင်တွင် ၁၀ ရက်ကြာ မျောပါနေသော ကျားဖောင်ပေါ်ရှိ မြန်မာရေလုပ်သားသုံးဦးကို မြန်မာသင်္ဘောသားများပါသည့် ပင်လယ်ကူးသင်္ဘောက ထားဝယ် မြို့ကမ်းခြေမှ မိုင် ၁၂၀ အကွာ၌ ကယ်တင်ခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်က ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ရေလုပ်သားများသည် ဒီဇင် ဘာ ၁ ရက်တွင် ဖောင်ကြိုးပြတ် ပြီး ပင်လယ်ပြင်အတွင်း ၁၀ ရက် ကြာမျောပါနေရာ ထားဝယ်မြို့ကမ်းခြေနှင့် မိုင် ၁၂၀ အကွာတွင် မြန်မာသင်္ဘောသားများပါသော နိုင်ငံခြားသားပိုင် ကုန်တင်ပင်လယ်ကူး သင်္ဘောကြီးတစ်စီးက ဒီဇင်ဘာ ၁၁ ရက်၌ တွေ့ရှိခဲ့သည်။ရေလုပ်သားများက ကျား ဖောင်ခေါင်မိုးပေါ်မှ အလံဖြူ နှင့် ပုဆိုးများဖြင့် ဝှေ့ယမ်းကာ ထိုင်ကန်တော့၍ အကူအညီတောင်း သဖြင့် မြန်မာသင်္ဘောသားများက ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်း ပင် လယ်ကူးသင်္ဘောမှ မြန်မာသ င်္ဘောသားတစ်ဦးက ပြောသည်။

‘‘သူတို့ကို တွေ့တဲ့အချိန်မှာ အဲဒီနေရာမှာ ငါးမန်းတွေရှိတယ် ဗျာ။ သူတို့ကို ဘောတွေပစ်ချပေး တော့ ငါးမန်းပေါတဲ့ ပင်လယ်ထဲ ဆင်းကူးလာလိုက်ကြတာဗျာ။ အ သက်ဘေးဆိုတော့လည်း ဘာမှ မကြောက်တော့ဘူး ထင်ပါရဲ့။ တစ်ယောက်က အားမရှိတော့လို့ မကူးတော့ဘဲ ကိုယ်ဖော့ထားပြီး နောက်တစ်ယောက်က ဘောကွင်းလေးကို ဆွဲလာပေးတယ်။ နောက်တော့ တစ်ယောက်စီကယ်တင်နိုင် ခဲ့တယ်။ သင်္ဘောပေါ်ရောက် ရောက်ချင်း ကျွန်တော်တို့ ရိက္ခာ နွားနို့နဲ့ ပေါင်မုန့်အရင်ချကျွေး တယ်။ ကယ်ပြီးတာနဲ့ ငွေကြေးပါ ကူညီပေးပြီး ရန်ကုန်လေဆိပ် ကမ်းမှာ ချပေးခဲ့တယ်’’ဟု ကယ် တင်ခဲ့သူ မြန်မာသင်္ဘောသားက ပြောကြားသည်။

ပင်လယ်ပြင်အတွင်း မျော ပါနေသူများသည် ဖျာပုံမြို့မှဖြစ် ပြီး ကျားဖောင်များဖြင့် ငါးနှင့်ပုစွန်ရှာဖွေနေစဉ် လေပြင်းတိုက်သဖြင့်ဖောင်မှ ကုပ်စီးတန်းကျိုးကာ ပင် လယ်အတွင်း မျောပါခဲ့ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။

ပင်လယ်ပြင်အတွင်း မျောပါနေစဉ် ရေနံတူးစင်များအနီးရောက် သွားချိန်၌ ခုန်ချပြီး ကူးခပ်ရန် အားအင်မရှိ၍ မကူးခပ်နိုင်ခဲ့ကြောင်း၊ ပင်လယ်ကူးသင်္ဘောကြီးများ ၎င်းတို့အနီးမှ ခုတ်မောင်းသွားစဉ် အကူအညီတောင်းသော်လည်း ကယ်တင်ခြင်းမခံခဲ့ရကြောင်းရေလုပ်သားများက သင်္ဘောသားများအား ပြောသည်။

‘‘သင်္ဘောပေါ်ရောက်တော့ အစ်ကိုကြီးတို့ပေးတဲ့ အသက်ပဲရှိ ပါတော့တယ်ဆိုပြီး လက်အုပ် လေးချီပြီး ပြောတာဗျာ။ ရင်ထဲ မကောင်းလိုက်တာ။ သူတို့ကို ကြည့်ပြီး မျက်ရည်တောင်ဝဲတယ်’’ဟု ရေလုပ်သားများအား ကယ်တင်ခဲ့သည့် မြန်မာသင်္ဘောသားက ပြောသည်။ ရန်ကုန်ဆိပ်ကမ်းတွင် ချ ထားပေးပြီးနောက် သင်္ဘောပြန် ထွက်ခွာသွားရာ အဆိုပါရေလုပ် သားများ၏ နောက်ဆုံးအခြေအ နေကို မသိတော့ကြောင်း ကယ် တင်ခဲ့သူ ပင်လယ်ကူးသင်္ဘောပေါ်မှ မြန်မာနိုင်ငံသားက ပြောသည်။

ထိုသို့ ပင်လယ်ပြင်တွင် ငါး ဖမ်းလုပ်ငန်းဆောင်ရွက်နေစဉ် ဒုက္ခရောက်နေသော ရေလုပ်သား များကို မြန်မာနိုင်ငံငါးလုပ်ငန်းအ ဖွဲ့ချုပ်က အကူအညီပေးလေ့ရှိ သော်လည်း ကျားဖောင်တစ်ခု တည်း ကြိုးပြတ်သဖြင့် မျောပါ သည့် ဖြစ်စဉ်မျိုးကို အလုပ်ရှင် ကိုယ်တိုင်က အကူအညီပေးသင့် ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေအတွင်းရေး မှူး ဦးဝင်းကြိုင်က ပြောသည်။

‘‘ရေလုပ်သားတွေ ကြီးကြီး ကျယ်ကျယ်ဖြစ်ရင်တော့ အကူအ ညီပေးပါတယ်။ ဖောင်တစ်ဖောင် တည်းဖြစ်တဲ့ကိစ္စကတော့ သူတို့ ပိုင်ရှင်ကပဲ ဖြေရှင်းပေးတာ ကောင်းပါတယ်။ ကြိုးပြတ်ပြီး မျောသွားတာ ဖြစ်မယ်လို့ ခန့်မှန်း ရပါတယ်’’ဟု ဦးဝင်းကြိုင်က ပြောသည်။ ယခုနှစ် ကျားဖောင်ရာသီ တွင် ဖျာပုံခရိုင်အတွင်း မြစ်တန်း၊ ကုလားထိပ်၊ ကပျက်နှင့် နောက် မြီးဆိပ်ကမ်းလေးခု၌ ကျားဖောင် တစ်ထောင်ကျော်ဖြင့် ရေလုပ်သားသုံးထောင်ကျော်သည် ပင်လယ်ပြင်တွင် ငါးနှင့် ပုစွန်ဖမ်းသည့် အလုပ်လုပ်ကိုင်နေသည်။

ပင်လယ်ပြင်အတွင်း ငါးနှင့် ပုစွန်ဖမ်းနေစဉ် လေပြင်းတိုက်သ ဖြင့် စက်မဲ့ကျားဖောင်များနှင့် ရေ လုပ်သား ၁၆,၀၀၀ ကျော်သည် မြိတ်၊ ကော့သောင်းနှင့် ကိုကိုး ကျွန်းများအပြင် သီရိလင်္ကာနှင့် အိန္ဒိယနိုင်ငံသို့ ပင်လယ်အတွင်း မျောပါခဲ့သဖြင့် ရေလုပ်သား ၅၀၀ ခန့်သေဆုံးခဲ့ဖူးကြောင်း ဦးဝင်း ကြိုင်က ပြောကြားသည်။

၂၀၁၄ နိုဝင်ဘာတွင်လည်း မြန်မာ့ပင်လယ်ပြင်အတွင်း ကျား ဖောင်များမျောပါနေသဖြင့် မြန် မာ့ရေတပ်က ကယ်တင်ကာ ရန် ကုန်မြို့ ဧရာဝတီရေတပ်သို့ ပို့ ဆောင်ပြီးနောက် အစားအစာနှင့် ငွေကြေးများ ပံ့ပိုးပေးကာ နေရပ် သို့ ပို့ဆောင်ပေးဖူးကြောင်း နိုင်ငံ ပိုင်သတင်းဌာနများက သတင်း ထုတ်ပြန်ခဲ့သည်။

7Day Daily

No comments:

Post a Comment