Tuesday 22 December 2015

အ၀တ်လှမ်းစဉ် အရှိန်လွန်ကာ တိုက်ပေါ်မှပြုတ်ကျခဲ့သဖြင့်သေဆုံး

၂၁.၁၂.၂၀၁၅ ရက်နေ့ ၀၉၃၀ အချိန်တွင် စမ်းချောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် စမ်းချောင်းမြို့နယ်၊ စမ်းချောင်းတောင်ရပ်ကွက်၊ စမ်းချောင်းလမ်းတွင် မိန်းကလေးငယ်တစ်ဦး တိုက်ပေါ်မှပြုတ်ကျပြီးသေဆုံးသွားကြောင်းသတင်းအရ သက်သေများနှင့်သွားရောက်စစ်ဆေးခဲ့ပါသည်။
ဖြစ်စဉ်မှာ အဆိုပါလမ်းရှိ နေအိမ်တိုက်ခန်း(၆)လွှာတွင်နေထိုင်ကာ အိမ်အကူလုပ်ကိုင်သူ အသက်(၁၂)နှစ်အရွယ် မိန်းကလေးငယ်မှာ နေအိမ်တိုက်ခန်း၏ နောက်ဖေးအပြင်ဘက်ရှိ ၀ါးလုံးတန်းတွင် မျက်နှာသုတ်ပ၀ါလှမ်းစဉ် အရှိန်လွန်ကာခြေချော်ပြီး အောက်ဖက် ကွန်ကရစ်ရေမြောင်းအတွင်းသို့ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတွင် ဦးခေါင်းထိပ်နှင့်မျက်နှာတို့၌ ဖူးရောင်၊ စုတ်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌သေဆုံးသွားခဲ့ခြင်း
ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းမိန်းကလေးငယ်သေဆုံးမှုနှင့်ပတ်သက်၍ စမ်းချောင်းမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၉/၂၀၁၅)ဖြင့် ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment