Tuesday 22 December 2015

ရုရှား လေကြောင်းတိုက်ခိုက်မှုများကြောင့် ဆီးရီးယားတွင် လူဒါဇင်ပေါင်းများစွာ သေဆုံး

ဆီးရီးယားနိုင်ငံ အီဒ လစ်မြို့တွင် ရုရှားလေယာဉ်များ ၏ လက်ချက်ဟု ယုံကြည်ရသော လေကြောင်း တိုက်ခိုက်မှုများအ တွင်း လူ ၄၃ ဦးထက်မနည်း သေ ဆုံးခဲ့ကြောင်း တက်ကြွလှုပ်ရှား သူများနှင့် ဒေသခံများ၏ ပြော ကြားချက်အရ သိရသည်။
ဈေးတစ်ဈေး၊ လူနေအိမ် များနှင့် အစိုးရအဆောက်အအုံ များ တိုက်ခိုက်ခံရကြောင်း သ တင်းရင်းမြစ်များက ပြောသည်။

ယင်းဒေသတွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သလား ဆိုသည်ကို ရုရှားက အတည်ပြု ထားခြင်း မရှိသေးပေ။

ဆီးရီးယားသမ္မတ ဘာရှား အယ်လ်အာဆတ်၏ တပ်ဖွဲ့များ ကို အားဖြည့်ရန် ရုရှားက စက် တင်ဘာလအတွင်း လေကြောင်း တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့ သည်။

အိုင်အက်စ်အဖွဲ့မှ စစ်သွေး ကြွများအပြင် အကြမ်းဖက်သမား များသာ ပစ်မှတ်ထား တိုက်ခိုက် ခြင်းဖြစ်သည်ဟု ရုရှားက ပြော ကြားသော်လည်း ရုရှား၏ တိုက် ခိုက်မှုများသည် အနောက်တိုင်း က ကျောထောက်နောက်ခံ ပြု ထားသော အဖွဲ့များကို အဓိက တိုက်ခိုက်ခြင်းဖြစ်သည်ဟု တက် ကြွလှုပ်ရှားသူများက ပြောသည်။

အစိုးရဆန့်ကျင်ရေး တက် ကြွလှုပ်ရှားသူများအဖွဲ့ တစ်ဖွဲ့ ဖြစ်သော ဒေသဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီက ယင်းလေကြောင်း တိုက်ခိုက်မှု များအတွင်း လူပေါင်း ၁၇၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟုပြောသည်။

သေဆုံးဒဏ်ရာရသူများ တွင် ကလေးငယ်များလည်း ပါ ၀င်သည်ဟု တက်ကြွလှုပ်ရှားသူ များက ပြောသည်။

ဆီးရီးယားနိုင်ငံအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ရပ် ဖော်ပြထားသော ဆုံးဖြတ်ချက် တစ်ရပ်ကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ယခုသီတင်းပတ် စော စောပိုင်းက အတည်ပြုခဲ့သည်။

ယင်းဆုံးဖြတ်ချက်က အပစ် အခတ်ရပ်စဲရန်အပြင် ဆီးရီးယား အစိုးရနှင့် အတိုက်အခံများကြား ဆွေးနွေးပွဲများကို ဇန်န၀ါရီလ ဆန်းတွင် စတင်ကျင်းပရန် သတ် မှတ်ထားသည်။

သို့သော် သမ္မတအာဆတ် ၏ အနာဂတ်အခြေအနေနှင့် ပတ် သက်၍ ကမ္ဘာ့အင်အားကြီး နိုင်ငံ များကြား သဘောထားကွဲလွဲမှု များ ရှိနေဆဲဖြစ်သည်။

Ref: BBC

No comments:

Post a Comment