Tuesday 22 December 2015

တောင်သမန်အင်းကို အင်းစာရင်းမှ ပယ်ဖျက်ပြီး လေလံတင်ရောင်းချခြင်း ရပ်ဆိုင်းမည်

အောက်ဆီဂျင်ပြတ်လပ်နေသော တောင်သမန်အင်း-ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
သဘာဝပတ်ဝန်းကျင် ပျက်စီးမှု မရှိစေရေးအတွက် တောင်သမန်အင်းကို အင်းစာရင်းမှပယ်ဖျက်ပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစတင်ကာ ငါးမွေးမြူရေး လုပ်ငန်းအတွက် လေလံတင်ရောင်းချခြင်းကို ရပ်ဆိုင်းမည် ဖြစ်ကြောင်း တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနက အမိန့် ကြော်ငြာစာ ထုတ်ပြန်သည်။
ရေချိုငါးလုပ်ငန်း ဥပဒေ လုပ်ထုံးလုပ်နည်းများကို ကျင့်သုံး ၍ မန္တလေးခရိုင်၊ အမရပူရမြို့ နယ် နတ်ရေကန်တိုက်၊ ဥယျာဉ် တော်တိုက်ရှိ ရေနေဧရိယာ ဧက ၁,၀၀၀ခန့်ရှိသော တောင်သ မန်အင်းကို အင်းစာရင်းမှ ပယ် ဖျက်လိုက်သည်ဟု ဒီဇင်ဘာ ၈ ရက်က ထုတ်ပြန်ခဲ့သည်။
တောင်သမန်အင်းကို သဘာဝပတ်ဝန်းကျင် ပျက်စီးမှု မရှိစေရန်နှင့် သဘာဝထိန်းသိမ်း ရေးကန်အဖြစ် ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် အင်းစာရင်း မှ ပယ်ဖျက်ခြင်းဖြစ်သည်ဟု ဖော် ပြထားသည်။

‘‘လေလံမပစ်တော့ဘူးဗျာ၊ အင်းအဖြစ်လည်း မသတ်မှတ် တော့ဘူး။ ဒါကိုတိုင်းဒေသကြီး အစိုးရက မြို့တော်စည်ပင်ကိုပဲ လွှဲမလား။ သဘာဝပတ်ဝန်းကျင် ကိုပဲ လွှဲမလား။ ဒါကိုတော့ မသိ သေးဘူး။ သူတို့သဘောပေါ့။ မြို့ တော်စည်ပင်လွှဲရင်တော့ ရန်ကုန်မှာလို ကန်တော်ကြီးပုံစံမျိုး၊အပန်းဖြေဧရိယာမျိုး လုပ်လာနိုင်တာ ပေါ့’’ဟု တိုင်းဒေသကြီး ငါးလုပ် ငန်းဦးစီးဌာန ဒုတိုင်းဦးစီး ဦးလှ ၀င်းက ပြောသည်။
၂၀၁၅ နှစ်စမှ စတင်ကာ တောင်သမန်အင်းအတွင်း ငါး သေဆုံးမှု မကြာခဏဖြစ်ပေါ်ခဲ့ပြီး ငါးသေဆုံးမှုနှင့်ပတ်သက်၍ စက် တင်ဘာ ၂၇ ရက်က နိုင်ငံတော် သမ္မတဦးသိန်းစိန် လာရောက် ကြည့်ရှုခဲ့ပြီး ဦးပိန်တံတားကို ကျွန်းတိုင်များဖြင့် ပြန်လည်ထိန်း သိမ်းပြုပြင်ရန်၊ ရေဆိုးဝင်ရောက် မှုများ တားဆီးရန်နှင့် တောင်သ မန်အင်း ထိန်းသိမ်းပြုပြင်ရေးအ ဖွဲ့ ဖွဲ့စည်းပြီး အပန်းဖြေရာနေရာ၊ အထိမ်းအမှတ်အမွေအဖြစ် ထိန်းသိမ်းသွားရန် မန္တလေးတိုင်းဒေသ ကြီး အစိုးရအဖွဲ့အား ညွှန်ကြားခဲ့ သည်။
၂၀၁၅ တောင်သမန်အင်း ငါးမွေးမြူရေးလုပ်ငန်းအတွက် တိုင်းဒေသကြီးအစိုးရက ကျပ် သိန်းငါးရာခန့်ဖြင့် ပုဂ္ဂလိက ငါး မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးသို့ လုပ်ပိုင်ခွင့် ချပေးခဲ့သည်။
7 Day

No comments:

Post a Comment