Wednesday 18 November 2015

ရွေးကောက်ပွဲရလဒ် ကန့်ကွက်မှုများအယူခံပါက ကော်မရှင်ဆုံးဖြတ်ချက်သာအပြီးအပြတ်ဖြစ်မည်

ရွေးကောက်ပွဲရလဒ်အ တွက် တိုင်ကြားလာမည့် ကန့် ကွက်လွှာများကို ကော်မရှင်အဖွဲ့ ၀င် တစ်ဦးနှင့် ဥပဒေပညာရှင် နှစ်ဦးတို့ဖြင့် ခုံရုံးဖွဲ့စစ်ဆေးမည် ဖြစ်ပြီး ခုံရုံး၏အဆုံးအဖြတ်ကို မကျေနပ်ပါက ခုံရုံးက ဆုံးဖြတ် ပြီး ၁၅ ရက်အတွင်း ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ထံ အယူခံဝင်နိုင်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

‘‘အဲဒီအခါကျရင် ကော်မရှင် ရဲ့ အဆုံးအဖြတ်က အပြီးအပြတ် ပါပဲ’’ဟု ပြည်ထောင်စုရွေး ကော်ပွဲကော်မရှင် ရုံး သတင်းစာ ရှင်းလင်းပွဲတွင် ဦးတင်အေးက ပြောကြားခဲ့ခြင်းဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ် စာရင်းကြေညာပြီး ၄၅ ရက်အ တွင်း ကန့်ကွက်လွှာများကို ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မ ရှင်သို့ ငွေကျပ်ငါးသိန်းနှင့်အတူ တိုင်ကြားရမည်ဖြစ်ပြီး လွတ်လပ် မျှတစွာ ကိုင်တွယ်ဖြေရှင်းမည် ဖြစ်ကာ အများပြည်သူရှေ့မှောက် (Open Court) တွင် စစ်ဆေးမှု များ ပြုလုပ်မည် ဟု ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ကတိပြု ပြောကြားသည်။

ရွေးကောက်ခံထားရသည့် ကိုယ်စားလှယ်သည် တရားမဲ့ ပြု ကျင့်မှုများကြောင့် မဲအများဆုံးရ ရှိခြင်းဖြစ် ကြောင်း ရွေးကောက်ပွဲ တွင် ရှုံးနိမ့်ခဲ့သည့် ကိုယ်စားလှယ် လောင်းကလည်းကောင်း၊ ရွေး ကောက်ပွဲ၏ တရားမျှတမှုနှင့်စပ် လျဉ်းပြီး သက်ဆိုင်ရာမဲဆန္ဒနယ် မှ မဲဆန္ဒရှင်တစ်ဦးကလည်း ကန့် ကွက်တိုင်ကြား နိုင်ကြောင်း ရွေး ကောက်ပွဲဥပဒေများ၌ ဖော်ပြ ထားသည်။

ရွေးကောက်ပွဲကာလအ တွင်း တိုင်တန်းလာမည့် တိုင် ကြားလွှာများကို စစ်ဆေးမှု၊ ဆုံး ဖြတ်မှုတို့ကို စီရင်ထုံး များ အဖြစ် ဖော်ပြပေးမည်ဟု ၎င်းကပြော သည်။

7Day Daily 

No comments:

Post a Comment