Wednesday 18 November 2015

သတင်းမီဒီယာကောင်စီသစ် လုပ်ငန်းတာဝန်လွှဲပြောင်းရေးတွေ့ဆုံပွဲ နိုဝင်ဘာ ၂၅ ရက်တွင် ပြုလုပ်မည်

အသစ်ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီထံသို့ လုပ်ငန်းတာဝန်များ လွှဲပြောင်းပေးရန်  နိုဝင်ဘာ ၂၅ ရက်တွင် လက်ရှိစာနယ်ဇင်းကောင်စီနှင့် သတင်းမီဒီယာကောင်စီတို့ တွေ့ ဆုံမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

သတင်းမီဒီယာကောင်စီ တရားဝင်ဖွဲ့စည်းကြောင်း နိုဝင် ဘာ ၁၁ ရက်တွင် နိုင်ငံတော် သမ္မတက လက်မှတ် ရေးထိုးထုတ် ပြန်ခဲ့အပြီး တစ်လအတွင်း ကောင်စီဝင်များက သမ္မတရှေ့ ၌ ကျမ်းသစ္စာပြုကာ လုပ်ငန်း တာဝန်များစတင်လည်ပတ်တော့ မည်ဖြစ်သည်။  စာနယ်ဇင်း ကောင်စီ(ယာယီ)က ဆောင်ရွက် ဆဲဖြစ်သည့်လုပ်ငန်းတာဝန်များ ကို လွှဲပြောင်းရန် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း စာနယ်ဇင်းကောင်စီအတွင်းရေးမှူးဦးကျော်မင်းဆွေက ပြောသည်။

‘‘သမ္မတက လက်မှတ်ထိုး ပြီး အတည်ဖြစ်ကြောင်း သတင်း စာမှာ ကြေညာလိုက်ပြီလေ။ အဲ ဒါကြောင့် သတင်းမီဒီယာကောင် စီနဲ့ လုပ်ငန်းလွှဲပြောင်းဖို့ကို ဆွေး နွေးမှာပါ’’ဟု ဦးကျော်မင်းဆွေ က ပြောသည်။

သတင်းမီဒီယာနည်းဥပဒေ အရ သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်သည့်ရက်မှ ရက်ပေါင်း၃၀ အတွင်း ကောင်စီဝင်များက သမ္မတရှေ့တွင် ကျမ်းသစ္စာပြုရမည်ဖြစ်သော်လည်း လက်ရှိအချိန်အထိ မည်သည့်ရက် ၌ ကျမ်းသစ္စာ ပြုရမည်ကို သမ္မတကအကြောင်း ပြန်ခြင်း မရှိသေးဟု သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးဖေမြင့်က ပြောသည်။

သတင်းမီဒီယာကောင်စီသစ်တွင်  လက်ရှိစာနယ်ဇင်း ကောင်စီ(ယာယီ)ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး(စာရေးဆရာ ဖိုးသောကြာ)က ဥက္ကဋ္ဌ၊ ဦးဖေမြင့်က  ဒုတိယဥက္ကဋ္ဌအဖြစ် ပြန်လည် ရွေးချယ်ခံခဲ့ရပြီး အခြားဒုတိယ ဥက္ကဋ္ဌတစ်ဦးအဖြစ် ဒေါက်တာ မျိုးသန့်တင်က ရွေးချယ်ခံရသည်။

ကောင်စီအတွင်းရေးမှူးအ ဖြစ် ဦးသီဟစော၊ အတွင်းရေး မှူး(၁)အဖြစ် ဒေါ်သင်းသင်းသာ၊ အတွင်းရေးမှူး(၂)အဖြစ် ဦးကျော်စွာမင်း၊ စာရင်းစစ်အဖြစ် ဒေါက် တာမောင်မောင်စံ(စာရေးဆရာ ကြည်မင်း) နှင့် ဘဏ္ဍာရေးမှူးအ ဖြစ် ဦးမင်းဟန်တို့က တာဝန်ယူ မည် ဖြစ်သည်။

7Day Daily 

No comments:

Post a Comment