Wednesday 18 November 2015

လုံခြုံရေးစိုးရိမ်မှုများကြောင့် ဘယ်လ်ဂျီယံနှင့် စပိန်ပွဲ ဖျက်သိမ်း

ပါရီမြို့တွင် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ဘရပ်ဆဲလ်မြို့၌ကျင်းပရန် စီစဉ်ထားသော ဘယ်လ်ဂျီယံ နှင့် စပိန် ခြေစမ်းပွဲကို လုံခြုံရေးစိုးရိမ်မှု များကြောင့် ဖျက်သိမ်းခဲ့သည်။

သောကြာနေ့က ပါရီတိုက် ခိုက်မှုများတွင် လူ ၁၂၉ ဦး သေ ဆုံးခဲ့ပြီး ပြင်သစ်အမျိုးသား အားကစားကွင်း၌ ကစားနေသော ပြင်သစ်-ဂျာမနီ ခြေစမ်းပွဲကို ပစ် မှတ်ထားမှုလည်း ပါဝင်ခဲ့သည်။

ယင်းတိုက်ခိုက်မှုတွင် ဘယ်လ်ဂျီယံ နိုင်ငံသားတစ်ဦး နောက်ကွယ်မှ ကြိုးကိုင်သူ Mastermind ဖြစ်သည်ဟု ပြင်သစ်အစိုးရ ရှေ့နေများက ပြောသည်။ ဘယ်လ်ဂျီယံ အစိုးရက နိုင်ငံတွင်းလုံခြုံရေးကို အဆင့်(၃)သို့ တိုးမြှင့်ထားသည်။ ယင်းမှာ လေးနက်သည့် ခြိမ်း ခြောက်မှုရှိသည်ဟူသော အဆင့် ဖြစ်သည်။

စပိန်ဘောလုံးအဖွဲ့ချုပ်နှင့် တိုင်ပင်ဆွေးနွေးပြီးနောက် ယင်းပွဲကို ဖျက်သိမ်းရန် ဘယ်လ်ဂျီယံ ဘောလုံး အဖွဲ့ချုပ် က ဆုံးဖြတ်ခဲ့ ခြင်းဖြစ်သည်။ ထူးခြားသော အခြေအနေ များကို ထည့်သွင်းစဉ်းစားပြီး နောက် ကစားသမားများနှင့် ပရိသတ်များအတွက် လုံခြုံရေးအန္တရာယ် မဖြစ်စေချင်ဟု ဘယ်လ်ဂျီယံ ဘောလုံးအဖွဲ့ ချုပ်က ပြောသည်။

Ref: BBC

No comments:

Post a Comment