Wednesday 18 November 2015

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဒီချုပ်ပါဝင်လာမည် ယုံကြည်ကြောင်း ဖဒိုစောကွယ်ထူးဝင်းပြော

 ရွေးကောက်ပွဲ ရလဒ်များအရ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှာ အစိုးရသစ်ဖွဲ့ ခွင့်ရရှိနေပြီး ၎င်းအစိုးရ သစ်သည်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များတွင် ပါဝင်လာမည်ဟု ယုံ ကြည်ကြောင်း ကရင်အမျိုးသား အစည်းအရုံးအ ထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက နိုဝင်ဘာ ဒုတိယအကြိမ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ပွဲအပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားသည်။

‘‘နိုင်ငံရေးပါတီတွေအစုအ ဖွဲ့အနေနဲ့ကတော့ နိုင်တဲ့ပါတီ၊ အနိုင်မရတဲ့ပါတီရယ်လို့ စဉ်းစားနေတာ မဟုတ်ဘူး။ ဒီမှာပါဝင်တဲ့ ပါတီတွေကနေ အစုအဖွဲ့မှာ ပါ လာဖို့ဖြစ်ပါတယ်။ နောက်တစ်ခု က NLD က ကျွန်တော်လေ့လာမိ ရသလောက် ပြည်တွင်းငြိမ်းချမ်း ရေးတည်ဆောက်မှုအတွက် သူကရှေ့လုပ်ငန်းစဉ် ချမှတ်တဲ့ အထဲမှာလည်း ပါတဲ့အတွက် ကြောင့် ဒီကိစ္စကို သူတို့လည်း ဆောင်ရွက်မှာပဲလို့ ကျွန်တော်က  ယုံကြည်ပါတယ်’’ဟု ဖဒိုစော ကွယ်ထူးဝင်းက ပြောသည်။

လက်ရှိတွင် နိုင်ငံရေးတွေ့ ဆုံဆွေးနွေးမှုပူးတွဲကော်မတီ၌ ပါဝင်သည့် အစုအဖွဲ့ သုံးခုအနက် နိုင်ငံတော်ကိုယ်စားပြု အစု အဖွဲ့နှင့် တိုင်းရင်းသားလက်နက် ကိုင်အစုအဖွဲ့နှစ်ဖွဲ့သာ ပါဝင်ပြီး နိုင်ငံရေး ပါတီ အစုအဖွဲ့မှာပါဝင် ခြင်းမရှိသေးပေ။ ထိုအတွက် လာ မည့် ၂၁ ရက်တွင် နိုင်ငံရေးပါတီ များနှင့် ပြန်လည်စုစည်းတွေ့ဆုံ ကာ ၎င်းတို့၏ ကိုယ်စားပြုမှုများ ကို ရွေးချယ်သွားမည်ဖြစ်သည်။

7Day Daily 

No comments:

Post a Comment