Wednesday 18 November 2015

အမြန်လမ်းတွင် အိမ်စီးကားနှင့်လိုက်ထရပ်ယာဉ်တိုက်မိ၊ ခရီးသည် ကိုးဦးဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် နိုဝင်ဘာ ၁၇ ရက် နံနက်၌ အိမ်စီးယာဉ်က လိုက်ထရပ်ယာဉ်ကို နောက်မှဝင်ရောက် တိုက်မိခဲ့သည့်အတွက် အသက် (၃) နှစ်အရွယ် ကလေးငယ်တစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး လူကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း ယာဉ်တိုက်မှု၌ ပါဝင်ကူညီသူတစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်နှစ်စီးသည် ရန်ကုန်မှ မန္တလေးသို့ အသွားမိုင်တိုင်အမှတ် ၃၀၄ မိုင် ၇ ဖာလုံတွင် ယာဉ် တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အိမ်စီးယာဉ်၌ လိုက်ပါစီးနင်းသူ သုံးဦး၊ လိုက်ထရပ်ယာဉ်ပေါ်တွင် လိုက်ပါ လာသူ ခုနစ်ဦးအနက် ကိုးဦးဒဏ်ရာရခဲ့ပြီး တစ်ဦးမှာနေရာတွင် သေဆုံးခဲ့ကြောင်း ကူညီကယ်ဆယ်ရာ၌ ပါဝင်သူ ကိုမြင့်ထွန်းက ပြောသည်။

‘‘သေဆုံးသွားတဲ့ ကလေး ငယ်က အသက် သုံးနှစ်ပဲရှိပါသေးတယ်။ ယောက်ျားလေးပါ။ လိုက် ထရပ် ကားပေါ်က ပြုတ်ကျပြီး နောက်က ၀င်တိုက်တဲ့ကား အောက်မှာ ပိနေတာ။ နောက်က ၀င်တိုက်တဲ့ ကားက ယာဉ်မောင်း လည်း ခေါင်းကို တော်တော်ထိ သွားတယ်။ သူလည်း စိုးရိမ်ရလို့ ညတွင်းချင်း မန္တလေး ဆေးရုံကြီး ကို ပို့ပေးလိုက်ပါတယ်’’ဟု ကိုမြင့် ထွန်းက ပြောသည်။

လိုက်ထရပ်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ခုနစ် ဦးမှာ မြင်းမူမြို့သို့ သွားရောက် မည့်ခရီးသွား များဖြစ်ပြီး အိမ်စီး ယာဉ်တွင်လိုက်ပါလာသည့်သူ များမှာလည်း မန္တလေးသို့ သွား ရောက်မည့်သူများ ဖြစ်ကြောင်း သိရသည်။

‘‘ယာဉ်တိုက်မှုကြောင့်အား လုံးခရီးသည် ၁၀ ဦးမှာ ကိုးဦးထိ ခိုက်ဒဏ်ရာရတယ်။ ကလေးငယ် ကနေရာ မှာတင် သေဆုံးသွား တယ်။ ကျန်တာက ကျား သုံးဦးနဲ့ မငါးဦး ထိခိုက်ဒဏ်ရာရတယ်။ အိမ်ကားမောင်းတဲ့ ယာဉ်မောင်း ကတော့ စိုးရိမ်ရတယ်’’ဟု အမြန် လမ်းသီးကုန်းရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

 ရန်ကုန် - မန္တလေးအမြန် လမ်းတွင် လိုက်ထရပ်ယာဉ်များ မကြာခဏယာဉ်တိုက်မှုဖြစ်ပွား ပြီး ယာဉ်တိုက် မှုများ၌လည်း လူသေဆုံးမှုများရှိသည့်အတွက် ယာဉ်ကြံ့ခိုင်မှုကို စစ်ဆေးသင့်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ မှ ရဲ အရာရှိတစ်ဦးက ပြောသည်။

ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့်  အတွက် အမြန်လမ်းသီးကုန်းရဲ စခန်းမှ အမှုဖွင့်စစ်ဆေးဆောင် ရွက်နေ ကြောင်း သိရသည်။

7Day Daily 

No comments:

Post a Comment