Wednesday 18 November 2015

ဦးခင်အောင်မြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အစည်းအဝေးအပြီး ခေတ္တတွေ့ဆုံ

 နိုဝင်ဘာ ၁၇ ရက်တွင် ပြုလုပ်သော လွှတ်တော်အ စည်းအဝေးများအပြီး မွန်းလွဲ ၂ နာရီခန့်၌ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ဒေါ် အောင်ဆန်းစုကြည်တို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ရုံးခန်းတွင် တွေ့ ဆုံခဲ့ကြောင်း သတင်းရရှိသည်။တွေ့ဆုံမှုသည် သာမန်တွေ့ ဆုံမှုသာဖြစ်ပြီး သာကြောင်း၊ မာ ကြောင်းသာပြောဆိုခဲ့ကာ နောင် လာမည့် လွှတ်တော်အသစ်နှင့် ဆိုင်သည့် မည်သည့်ကိစ္စရပ်ကိုမျှ ပြောဆိုခြင်းမရှိခဲ့ကြောင်း အမျိုး သားလွှတ်တော်ဥက္ကဋ္ဌ ဦးခင် အောင်မြင့်က ပြောသည်။

ရွေးကောက်ပွဲရလဒ်အ ကောင်အထည်ဖော်ရေးကိစ္စရပ်နှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေ မန်းနှင့် တွေ့ဆုံဆွေးနွေးရန် နှစ် ရက်အလိုတွင် ယခုကဲ့သို့ အမျိုး သားလွှတ်တော် ဥက္ကဋ္ဌနှင့် လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်သူ အနိုင်ရပါတီဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ ကြခြင်း ဖြစ်သည်။

နိုဝင်ဘာ ၁၇ ရက် နံနက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်ခဲ့ခြင်းမရှိဘဲ ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာသာ အစည်းအဝေးကို ဦးဆောင်ကျင်းပခဲ့သည်။

(၁၃)ကြိမ်မြောက်လွှတ် တော်အစည်းအဝေးများ ပြန်လည်မစတင်မီ နိုဝင်ဘာ ၁၅ ရက်က လည်း ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အလွတ်သ ဘောတွေ့ဆုံခဲ့ သည်။

လက်ရှိပထမအကြိမ်လွှတ် တော်အစည်းအဝေးသက်တမ်း ကာလသည် ၂၀၁၆ ဇန်န၀ါရီ ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး လွှတ်တော်သက်တမ်းကုန်ဆုံးချိန်၌ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်အများ စုပါဝင်သည့် ဒုတိယအကြိမ်လွှတ် တော်သက်တမ်း အတွက် လွှဲ ပြောင်းပေးရမည် ဖြစ်သည်။

7Day Daily 

No comments:

Post a Comment