Wednesday 18 November 2015

ဆောက်လုပ်ရေး ကုမ္ပဏီများ အရည်အသွေးပြည့်မီရန် ထိန်းကျောင်းမည်

အရည်အသွေး မပြည့်မီသည့် ဆောက်လုပ်ရေး လုပ်ငန်းများကြောင့် ပြည်တွင်းတွင် အဆောက်အအုံ ပြိုကျ မှု ဖြစ်စဉ်များ ဖြစ်ပွားလျက်ရှိနေခြင်းကြောင့် ဆောက်လုပ်ရေး ကုမ္ပဏီများအား အဆင့်သတ်မှတ်ချက် များဖြင့် ထိန်းကျောင်း သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းထံမှ သိရသည်။

““ဆောက်လုပ်ပြီး ကုမ္ပဏီတွေအနေနဲ့ သတ်မှတ်မှုတွေ၊ သူ့မှာ ဘာစွမ်းဆောင်ရည် တွေရှိလဲ။ သူရဲ့ ကုမ္ပဏီမှာ အဆင့်အတန်း  ရှိတဲ့ အင်ဂျင်နီယာတွေ၊ နည်းပညာရှင်တွေ ဘယ်လောက်ထိ ထားလဲ။ ဒီအပေါ်မှာ မူတည်ပြီးတော့ ဒီစီမံကိန်းက ဘယ်လို အဆင့်အတန်းရှိတဲ့ ကုမ္ပဏီတွေကသာ ဆောင်ရွက်ရမယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်””ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်စိုးက ပြောသည်။

 ဆောက်လုပ်ရေး ကုမ္ပဏီများတွင် အရည်အသွေးပြည့်ဝသည့် လုပ်ငန်းခွင်သုံး ပစ္စည်းများ၊ အသုံးပြုနိုင်မှု၊ အင်ဂျင်နီယာ ပညာရှင်နှင့် နည်းပညာရှင်များ၏ အရည်အသွေးအား တိုင်းတာပြီး အဆင့်သတ်မှတ်မှု ပုံစံများဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

““ပိုက်ဆံရှိလို့ ဆောက်လုပ်ရေး ကုမ္ပဏီ ထပြီး ထောင်မယ်။ ပါတဲ့အင်ဂျင်နီယာတွေ ကလည်း ပရော် ဖက်ရှင်နယ်တွေ မဟုတ်ဘူး။ အဆောက်အအုံတွေကလည်း အရည်အသွေး မပြည့်မိဘူး။ အစိုးရအနေနဲ့ လည်း အပြည့်အ၀ မကြီးကြပ်နိုင်ဘူး။ သိပ်ပြီး အရည်အချင်းမရှိတဲ့ အင်ဂျင်နီယာတွေက တည်ဆောက်တဲ့ အဆောက်အအုံတွေ မဟာဖက်ရှင်နယ် အင်ဂျင်နီယာ ဘယ်လောက်ပါမှ အဆင့်ဘယ်လောက် ရမယ်။ ဒါမျိုးလေးတွေ သတ်မှတ် ထားပါတယ်””ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်းများအသင်းမှ ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောသည်။

 ဆောက်လုပ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ အသုံးပြုရမည့် ပစ္စည်းများသည်လည်း အရည်အသွေး ပြည့်မီရန် လိုအပ်ကြောင်း ၎င်းကပြောသည်။

၂၀၁၄ ခုနှစ်အတွင်း ကလည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည် လေယာဉ်ကွင်းဟောင်း အရှေ့ဘက်တွင် မင်္ဂလာမန္တလေးအိမ်ရာ စီမံကိန်းဧရိယာ ဟိုတယ် ဆောက်လုပ်ရေး စီမံကိန်း ဆောင် ရွက်နေ စဉ် ငြမ်းပြိုကျမှုကြောင့် လူဦးရေ (၂၀)နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်ကျွန်း မြို့နယ်တွင်း အဆောက်အအုံ ပြိုမှုဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

Messenger News Journal​ 

No comments:

Post a Comment