Wednesday 18 November 2015

ယောဂီအမျိုးသမီးတစ်ဦး တံခါးပိသေဆုံး

သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားတွင် ယောဂီဝတ် အမျိုးသမီးတစ်ဦး သံတံခါး ပိမိသေဆုံးမှု (၁၆.၁၁.၁၅)တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

မှုခင်းဖြစ်စဉ်မှာ နိုဝင်ဘာလ (၁၆) ရက်ည (၁၁) နာရီ (၄၀) အချိန်ခန့်တွင် သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရား တောင်ဘက်မုခ်ရှိ ပုရ၀ဏ်ကြာကန်ဗိမာန် ထွက်ပေါက် တံခါးပိမိ၍ အမျိုးသမီးတစ်ဦး သေဆုံးနေကြောင်း သတင်းရ၍ ဒုရဲမှူးမြင့်အောင်သည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။ သေဆုံးသူမှာ ဒေါ် . . . . . (၆၂) နှစ်၊ မှီခို၊ ဘုရားကုန်းကျေးရွာ အုပ်စု၊ သန်လျင်မြို့နယ် နေသူဖြစ်ပြီး ၎င်းသည် ယောဂီဝတ်ဖြင့် တရားအားထုတ် နေသူဖြစ်ပြီး နိုဝင်ဘာလ (၁၆) ရက်၊ ည (၁၁) နာရီအချိန် ပုရ၀ဏ်ကြာကန် ဗိမာန်အတွင်း တရားအားထုတ်ရန် သံပန်းအရှည် (၁၉) ပေ၊ အမြင့် (၉) ပေခန့်ရှိ (ပြုလုပ်ဆဲ) တံခါးအားဖွင့်ရာမှ တံခါးပြိုလဲပိမိပြီး ဒေါ်. . . . . .(၆၂)မှာ ၀ဲမျက်ခုံးပွန်း၊ နှာခေါင်းပွန်း၊ အထက်နှုတ်ခမ်း ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရသဖြင့် အလောင်းအား သန်လျင်မြို့နယ် ဆေးရုံသို့ပို့အပ်ပြီး သေမှုသေခင်း အမှတ်စဉ် (၅၈/၂၀၁၅) ဖြင့် ဒုရဲမှူးမြင့်အောင်မှ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

၂၀၁၅ ခုနှစ်အတွင်း သေမှုသေခင်း ဖြစ်စဉ်များကြောင့် သေဆုံးမှုပေါင်း (၈၈၇) ဦးရှိကြောင်း မှုခင်းမှတ်တမ်းများ အရသိရသည်။

Messenger News Journal​ 

No comments:

Post a Comment