Wednesday 18 November 2015

စမ်းချောင်းရဲစခန်းရှေ့တွင် ရမ်းကားခဲ့သည့် ဘာသာရေးဆရာအမှု ဒီဇင်ဘာလဆန်း အပြီးသတ်လျှောက်လဲချက်တင်မည်

စမ်းချောင်းရဲစခန်းရှေ့ တွင် ရမ်းကားခဲ့မှုကြောင့် တရားစွဲ ဆိုခံထားရသည့် ဘာသာရေး ဆရာ ဦးခင်မောင်မြင့် အမှုကို ဒီဇင် ဘာ ၁ ရက်၌ စမ်းချောင်းမြို့ နယ်တရားရုံးတွင် အပြီးသတ်လျှောက်လဲချက် တင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဘာသာရေးဆရာ ဦးခင် မောင်မြင့်ကို စမ်းချောင်းမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ရာတရားခံပြ သက်သေအဖြစ် သန်လျင်မြို့နယ် ဒါရ်ကာရပ်ကွက် အတွင်း နေထိုင်သည့် အမျိုးသမီးတစ်ဦးကို စစ်ဆေး ခဲ့ပြီး လာမည့်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲ ချက်တင်ရမည်ဖြစ်ကြောင်း အဆိုပါတရားရုံးမှ သိရသည်။

စမ်းချောင်းမြို့နယ် တရားရုံးတွင် ယခုအထိ တရားခံပြသက် သေ ငါးဦးကိုစစ်ဆေးခဲ့ပြီး နောက်ဆုံး တရားခံပြသက်သေအဖြစ် စစ်ဆေးခဲ့သည့် ဒေါ်မြင့်မြင့်သန်းက စွပ်စွဲခံထားရသူ ဦးခင်မောင်မြင့် သည် စိတ် ဖောက်ပြန်လာပါက ရပ်ကွက်အတွင်းရှိ လမ်းမပေါ် ၌ အော်ဟစ်ဆဲဆိုမှုများ ပြုလုပ်တတ်ကြောင်း တရားခွင် အတွင်း ထွက်ဆိုချက်များအရ သိရသည်။

‘‘သူ့အဘွားကလည်း အဲဒီ့ စိတ်ဖောက်ပြန်တဲ့ ရောဂါခံစား ရင်းပဲ သေသွားတာ။ သူ့အဒေါ် နှစ်ယောက်မှာ လည်း အဲဒီ့ရောဂါ ရှိတယ်။ သူနဲ့ သူ့အစ်မအရင်း တစ်ယောက်မှာလည်း အဲဒီ့ရောဂါပါလာတာ။ မျိုးရိုးလိုက်တာပေါ့’’ ဟု ဦးခင်မောင်မြင့်မိသားစုနှင့် အိမ်နီးချင်းဖြစ်သူက ပြောသည်။

တရားစွဲဆိုခံရသူ၏ ဖခင်ဖြစ်သူက တရားစွဲဆိုခံရသူ ဦးခင် မောင်မြင့်သည် စိတ်ဝေဒနာခံစားနေရသူဟု ပြောဆိုခဲ့သော်လည်းစမ်းချောင်းမြို့မရဲစခန်းမှ ဒုရဲအုပ်သန်းထိုက်က ဦးခင်မောင်မြင့် တွင် စိတ်ရောဂါ ဝေဒနာရှင်အဖြစ် စိတ်ကျန်းမာရေးဆေးရုံက ထုတ် ပေးထားသည့် လက်မှတ်မရှိဘဲ ၂၀၀၉ ဇန်န၀ါရီအတွင်း က စိတ် ကျန်းမာရေးဆေးရုံ၌ ကုသဖူး သည့် ဆေးစာအုပ် နှစ်အုပ်သာရှိ ကြောင်း ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက် နံနက်တွင် စမ်းချောင်းမြို့မရဲ စခန်းရှေ့၌ ပုဆိုးလှန်ပြကာ ညစ်ညမ်းစွာ ဆဲဆိုခဲ့သည့် အသက် (၃၄) နှစ်အရွယ် ဦးခင်မောင်မြင့်ကိုစမ်းချောင်းမြို့မရဲစခန်းက ပုဒ်မသုံးခုဖြင့် ကနဦး အမှုဖွင့် အရေးယူခဲ့ပြီးနောက် စစ်ဆေး ချက်များအရပုဒ်မ နှစ်ခုထပ်တိုးကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲစခန်းရှေ့တွင် ရမ်းကားခဲ့ သည့် ဦးခင်မောင်မြင့်ကို အများ ပြည်သူဆိုင်ရာလမ်းပေါ်၌ အများပြည်သူ များအား ရိုင်းစိုင်းသည့် အပြုအမူများဖြင့် စော်ကားခြင်း ပုဒ်မ ၂၉၄၊ ဘာသာရေးဆိုင်ရာ ရုပ်ဝတ္ထုများကို လက်ရောက်ပြုမှု ပုဒ်မ ၂၉၅၊ ဘာသာသာသနာကို ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)၊ ၀န်ထမ်းများအား တာဝန်ချိန်၌ ၀တ္တရား နှောင့်ယှက်သည့်အပြင် ကိုယ်ထိလက်ရောက်ကျူးလွန်မှုပုဒ်မ ၃၅၃၊ ပြည်သူ့ဝန်ထမ်း များအား ကြိမ်းမောင်းခြိမ်းခြောက်ဆဲဆိုမှုပုဒ်မ ၅၀၆ တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

7Day Daily 

No comments:

Post a Comment