Wednesday 18 November 2015

ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲနှင့် မြန်မာယူ-၂၁ အသင်း

ဗီယက်နမ်နိုင်ငံ၏ ဘောလုံး လောကဖွံ့ဖြိုးတိုးတက်ရေးအ တွက် နှစ်စဉ်ကျင်းပလျက်ရှိသည့် အသက်(၂၁)နှစ်အောက် သန်နိုင်း သတင်းစာဖလား (International U-21 Thanh Nien Newspaper Cup 2015) ဖိတ်ခေါ်
ဘောလုံးပြိုင်ပွဲကို မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်း ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ကိုးကြိမ်မြောက်ဖြစ်လာမည့် ယင်းပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ရှိ သောင်နတ်အား ကစားကွင်း၌ နိုဝင်ဘာ ၂၀ မှ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲတွင် ဗီယက်နမ်နိုင်ငံ ကိုယ် စားပြု နှစ်သင်းဖြစ်သည့် သန်နိုင်း ယူ-၂၁ အသင်းနှင့် ဟောင်အမ်း ဂယ်လိုင် ယူ-၂၁ အသင်းတို့အ ပြင် ဧည့်သည်အသင်းများအဖြစ် တောင်ကိုရီးယား ယူ-၁၉အသင်း၊ စင်ကာပူ ယူ-၂၁ အသင်း၊ မြန်မာ ယူ-၂၁ အသင်းနှင့် မြောင်တောင် ယူ-၁၉ အသင်း(ထိုင်း) စသည့် စုစုပေါင်း ခြောက်သင်းဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး သုံးသင်းပါ အုပ်စုနှစ်စုခွဲဝေထားသည်။

အုပ်စုခွဲဝေထားမှုအရ အုပ်စု (က)တွင် စင်ကာပူ ယူ-၂၁၊ မြောင်တောင်ယူ-၁၉ အသင်း (ထိုင်း)နှင့် သန်နိုင်းယူ-၂၁ အ သင်း (ဗီယက်နမ်)တို့ ပါဝင်နေပြီး အုပ်စု(ခ)တွင် မြန်မာယူ-၂၁ အ သင်း၊ တောင်ကိုရီးယား ယူ-၁၉ အသင်းနှင့် ဟောင်အမ်းဂယ်လိုင် ယူ-၂၁ အသင်း(ဗီယက်နမ်) အ သင်းတို့ ကျရောက်နေသည်။

ယခုပြိုင်ပွဲသည် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲဖြစ်သော်လည်း တောင်ကိုရီးယားနိုင်ငံမှ ယူ-၁၉ အသင်းဖြင့် လာရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။ ထို့အတူ ထိုင်းမှာ မူလတွင် ထိုင်းလက်ရွေးစင် ယူ- ၂၁ အသင်းကို စေလွှတ်ယှဉ်ပြိုင် မည်ဟု ထုတ်ပြန်ထားသော်လည်း ထိုင်းပြည်တွင်းလိဂ်ပြိုင်ပွဲများနှင့် တိုက်ဆိုင်နေခြင်းကြောင့် မြောင် တောင်ကလပ် ယူ-၁၉အသင်းကို သာ စေလွှတ်ယှဉ်ပြိုင်မည်ဖြစ် သည်။မြန်မာအသင်းသည် အုပ်စု အဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၁ ရက်တွင် ပြိုင်ပွဲ၏ လက်ရှိချန်ပီယံ အသင်းဖြစ်သည့် ဟောင်အမ်း ဂယ်လိုင်အသင်း၊ အုပ်စုဒုတိယပွဲ အဖြစ် နိုဝင်ဘာ ၂၂ ရက်တွင် တောင်ကိုရီးယားယူ-၁၉ အသင်း တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဟောင်အမ်းဂယ်လိုင်အသင်း သည် အာဆင်နယ်ဘောလုံးအ ကယ်ဒမီထွက် ကစားသမားအများ စုဖြင့် စုဖွဲ့ထားသည့် အသင်းဖြစ် ပြီး တောင်ကိုရီးယားအသင်းမှာ ၂၀၁၆ အာရှယူ-၁၉ ခြေစစ်ပွဲ အောင်မြင်ထားသည့်အသင်းကို အခြေခံထားသည့် အသင်းဖြစ်သည်။

‘‘ဒီပြိုင်ပွဲမှာ ဘယ်အသင်း က အကောင်းဆုံးလဲဆိုတာ ပြော ရခက်ပါတယ်။ ဘာဖြစ်လို့လဲဆို တော့ အားလုံးက အသင်းသစ်တွေ ချည်းပဲလေ။ ဒါပေမဲ့ ဗီယက်နမ် ဘောလုံးပရိသတ်တွေက ဒီပြိုင်ပွဲ မှာပါဝင်တဲ့ လူငယ် ကစားသမားလေးတွေရဲ့ ခြေစွမ်းကိုအားပေးဖို့ အသင့်ဖြစ်နေကြပါပြီ’’ဟု ဗီယက် နမ်ဘောလုံးအဖွဲ့ချုပ်မှ ပြောရေး ဆိုခွင့်ရှိသူ ဖန်တန်ကွတ်က ပြော သည်။ လက်ရွေးစင် ယူ-၁၆ နည်းပြဟောင်း အဲရစ်ဝီလျံ တာဝန်ယူ ကိုင်တွယ်မည့် မြန်မာယူ-၂၁ အသင်းသည် ယခုပြိုင်ပွဲအ တွက် အောက်တိုဘာ ၂၆ ရက်မှ စတင်ကာ ပဏာမလက်ရွေးစင် ကစားသမား ၂၆ ဦးဖြင့် လေ့ကျင့် ခဲ့ပြီး မြန်မာ့လက်ရွေးစင်အသင်း ကြီး အပါအ၀င် ရန်ကုန်လူငယ် အသင်း၊ ဟံသာဝတီယူနိုက်တက် အသင်းတို့နှင့် ခြေစမ်းကစားထား ရာ၌ ရလဒ်ကောင်းများ ရယူထား နိုင်သည်ကို တွေ့ရသည်။

ယူ-၂၁ အသင်းသည် ကမ္ဘာ့ ဖလားအာရှဇုန်ဒုတိယအဆင့် ခြေ စစ်ပွဲဝင် မြန်မာ့လက်ရွေးစင်အ သင်းနှင့် ခြေစမ်းကစားခဲ့ရာတွင် တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ရန်ကုန်ယူနိုက်တက်လူငယ်အ သင်းနှင့် ဒုတိယမြောက်ခြေစမ်းပွဲ တွင် နှစ်ဂိုး၊ တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ သည်။ ဟံသာဝတီအသင်းနှင့် ကစားခဲ့သည့် တတိယမြောက် ခြေစမ်းပွဲ၌မူ ယူ-၂၁ အသင်းက နှစ်ဂိုးပြတ်အနိုင်ရခဲ့သည်။

‘‘လက်ရှိအသင်းရဲ့ ခြေစွမ်း က အားရစရာပါ။ ယူ-၂၁အသင်း စတင်ဖွဲ့စည်းတုန်းက အခြေအနေ နဲ့ လုံးဝခြားနားတဲ့ဟန်ကို မြင် တွေ့နေရပါပြီ။ လက်ရှိခြေစွမ်းကို သာ ဆက်ထိန်းထားနိုင်ရင် ဗီယက် နမ်ဖိတ်ခေါ်ပြိုင်ပွဲမှာ ပြိုင်ဘက် တွေ လေးစားရတဲ့ အသင်းတစ် သင်းအဖြစ် ယှဉ်ပြိုင်နိုင်မှာပါ’’ဟု နည်းပြချုပ် အဲရစ်ဝီလျံက ဟံသာ ၀တီအသင်းနှင့် ခြေစမ်းပွဲအပြီး၌ ပြောသည်။

နည်းပြ အဲရစ်ဝီလျံသည် ယူ-၂၁ အသင်းအား စတင်ဖွဲ့ စည်းစဉ်က ပဏာမကစားသမား ၂၆ ဦး စာရင်း၌ ပါဝင်ခဲ့သည့် ကောင်းဆက်နိုင်၊ အောင်ကျော် နိုင်၊ ပြည်မိုးစသည့် ကစားသမား သုံးဦးကို ယခုပြိုင်ပွဲအတွက် အ သက်ကျော်လွန်နေသည်ဟုဆိုကာ ဆက်လက်ရွေးချယ်ခြင်းမပြု ဘဲ သန်းပိုင်၊ ရှိုင်းသူရ၊ သိန်းဇော်နှင့်စစ်မင်းစသည့် ကစားသမားလေးဦးကို အစားထိုးခေါ်ယူခဲ့သည်။

အလားတူ ပဏာမ ကစားသ မားစာရင်း၌ ပါဝင်ခဲ့သော်လည်း ပြိုင်ပွဲ လေ့ကျင်ရေးအစီအစဉ်သို့ အချိန်မီ လာရောက်ပူးပေါင်းခဲ့ခြင်း မရှိသည့်နောက်ခံလူ သီဟထက် အောင်ကိုလည်း အသင်း၌ ရွေးချယ်ခြင်းမရှိခဲ့ပေ။ ဗီယက်နမ်နိုင်ငံ၏ အထင်ကရ သတင်းစာတစ်စောင်ဖြစ်သည့် Thanh Nien သတင်းစာမှ အဓိကပံ့ပိုးထားသည့် ယခုပြိုင်ပွဲကို၂၀၀၇ မှစတင်ကာ နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် ယခု ပြိုင်ပွဲကို ပြိုင်ပွဲစတင်ကျင်းပသည့် ၂၀၀၇ နှင့် ၂၀၁၃ တို့တွင် နှစ်ကြိမ် ယှဉ်ပြိုင်ခဲ့ပြီး နှစ်ကြိမ်စလုံး၌ စတုတ္ထနေရာသာ ရရှိခဲ့သည်။ ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ် (VFF) သည် ယခုပြိုင်ပွဲကို ဗီယက် နမ်လူငယ်ကစားသမားများပေါ် ထွက်လာရေးသာမက ဗီယက်နမ် လက်ရွေးစင် ယူ-၂၃ အသင်းကို အထောက်အကူပြုနိုင်ရေးအ တွက်ပါ ကျင်းပခြင်းဖြစ်ပြီး မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်သည်လည်း ၂၀၁၇ မလေးရှားဆီးဂိမ်းပြိုင်ပွဲဝင် မည့် မြန်မာယူ-၂၃ အသင်းအ တွက် အတွေ့အကြုံကောင်းများ ရရှိစေရန် ယှဉ်ပြိုင်ခြင်းလည်းဖြစ် သည်။

‘‘ခြေစမ်းပွဲတွေမှာလည်း ပုံစံ ကောင်းတွေရနေတာ တွေ့ရပါ တယ်။ ဒါပေမဲ့ အောင်မြင်မှုရနိုင် မလားဆိုတော့ ပြောရခက်ပါ တယ်။ ပြိုင်ဘက်အသင်းတွေက လည်း တကယ့်အသင်းကောင်း တွေ လာပြိုင်ကြမှာဖြစ်လို့အတွေ့ အကြုံကောင်းတွေရမှာ သေချာပါတယ်’’ဟု ပြိုင်ပွဲမတိုင်မီ နည်းပြအဲ ရစ်ဝီလျံ၏ အကူအညီတောင်းခံမှု ကြောင့် မြန်မာယူ-၂၁ အသင်း၌ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ပေးခဲ့သူ ဦးမျိုးမင်း ထွန်းက ပြောသည်။

ယူ-၂၀ ကမ္ဘာ့ဖလားဘော လုံးပြိုင်ပွဲဝင်အသင်းမှ ကစား သမားခုနစ်ဦးထိ ပါဝင်ထားသည့် မြန်မာယူ-၂၁ အသင်းအနေဖြင့် ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲဝင် အ သင်းများနှင့်ပရိသတ်များ၏ အာရုံ စိုက်မှုကို ရရှိထားသော်လည်း ပြိုင်ပွဲ၌ အောင်မြင်မှုရရှိအောင် စွမ်းဆောင်ပြနိုင်မည်လားဆိုသည် ကို စောင့်ကြည့်ရမည်ဖြစ်သည်။
7 day

No comments:

Post a Comment