Wednesday 18 November 2015

ကူးတို့ဆိပ်ရပ်ကွက်တွင် ဂက်စ်ပိုက်လိုင်းယိုစိမ့်ရာမှ မီးလောင်မှု ဖြစ်ပွား

မင်္ဂလာတောင်ညွန့်မြို့ နယ် ကူးတို့ဆိပ်ရပ်ကွက်ရှိ ဆိပ်ကမ်းမြို့နယ် မိသားစုရဲရိပ်သာဝင်းအတွင်း နှစ်လက်မ အရွယ် ဂက်စ်ပိုက်လိုင်း ဆွေးမြည့်ပေါက်ပြဲရာမှ ယိုစိမ့်လာသည့် ဓာတ်ငွေ့များမှ တစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ ရဲမှူးသိန်းအောင် က ပြောသည်။

နိုဝင်ဘာ ၁၇ ရက် နံနက် ၆ နာရီခန့်က မင်္ဂလာတောင်ညွန့် မြို့နယ် (ABC) ရဲလိုင်း ခြံစည်းရိုး အနီး ကူးတို့ ဆိပ်ရှိ ကတ္တရာဖျော် စက်သို့ ဆက်သွယ်ပေးပို့သည့် နှစ်လက်မအရွယ် ဂက်စ်ပိုက်လိုင်း ဆွေးမြည့် ပေါက်ပြဲကာ ယိုစိမ့်လာသည့် ဓာတ်ငွေ့များမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့သော်လည်း ဆုံးရှုံးမှုမရှိခဲ့ ကြောင်း ရဲမှူးသိန်းအောင်က ပြောသည်။

‘‘ဓာတ်ငွေ့ပိုက်လိုင်းက ဆွေးနေတော့ ပိုက်က နှစ်လက်မ လောက်ပေါက်နေတယ်။ အဲဒီက ထွက်လာတဲ့ ဓာတ်ငွေ့ကနေ မီး ထလောင်တာပါ။ လောင်ချိန်က ငါးမိနစ်လောက်ပဲကြာတယ်။ အချိန်မီငြှိမ်းသတ်နိုင်ခဲ့လို့ ဆုံးရှုံးမှု တစ်ခုမှတော့ မရှိခဲ့ပါဘူး’’ ဟု ရဲမှူးသိန်းအောင်က ပြောသည်။

အဆိုပါဂက်စ်ပိုက်လိုင်း သည် ပုသိမ်ညွန့်မှ သာကေတမြို့နယ်သို့  သွယ်တန်းထားပြီး ဂက်စ်ယိုစိမ့်မှုကြောင့် မီးတောက် ထွက်ရှိမှုကို မီးသတ်တပ်ဖွဲ့က လာရောက်ငြှိမ်းသတ်ခဲ့ကာ ယိုစိမ့်နေသော ပိုက်လိုင်းကို ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မ တီက ပြန်လည်ပြုပြင်လျက်ရှိကြောင်း မင်္ဂလာတောင်ညွန့် မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

7Day Daily 

No comments:

Post a Comment