Wednesday 18 November 2015

ချင်းတွင်းရေကြောင်းသွားခရီးသည်ရေယာဉ်များ နိုဝင်ဘာ ၁၅ရက်မှစ၍ ညအချိန်မပြေးဆွဲတော့

ချင်းတွင်းမြစ်အတွင်း သွားလာနေသော ရေယာဉ်တစ်စီး(ဓာတ်ပုံ-မျိုးမင်းဦး)
မုံရွာမြို့အခြေပြုပြေးဆွဲ နေသော ချင်းတွင်းရေကြောင်း သွားခရီးသည်တင်ရေယာဉ်များ ဘေးအန္တရာယ် ကင်းဝေးစေရန် နိုဝင်ဘာ ၁၅ ရက်မှစတင်၍ ညအချိန်ပြေးဆွဲခြင်းမရှိဘဲ ညအိပ်စခန်းများ ဖွင့်လှစ်ထားရှိ သည့် မြို့ရွာများတွင် ရပ်နားလျက်ရှိကြောင်း သတင်းရရှိသည်။

ခရီးသည်တင်ရေယာဉ်အ သင်းများ ညှိနှိုင်းအစည်းအဝေး ကို နိုဝင်ဘာ ၁၀ ရက်တွင် မုံရွာမြို့ခေမ၀တီ ကျောင်းတိုက်၌ ကျင်းပခဲ့ပြီး နိုဝင်ဘာ ၁၅ ရက်မှ စတင်၍ ခရီးသည်တင်ရေယာဉ်များအားလုံး ဘေးအန္တရာယ်ကင်းဝေးရေး ညအချိန်ပြေးဆွဲခြင်းမရှိဘဲ ညအိပ်စခန်းများဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

 ‘‘ခရီးသည်တင်ရေယာဉ် တွေရဲ့ မုံရွာ-ဟုမ္မလင်းခရီးစဉ်က တော့ ပုံမှန်အတိုင်း အသွားအပြန်  ငါးရက်ပဲ။ ခရီးသည်တွေ ဘေး အန္တရာယ်ကင်းဝေးစေဖို့ ညအိပ်စခန်းတွေမှာ ရေယာဉ်တွေ ညအိပ်တာပါ’’ဟု မုံရွာ-ဟုမ္မလင်းခရီးသည်တင်ရေယာဉ်ပိုင်ရှင် ဦးဇော်ဌေးက ပြောသည်။

မုံရွာမြို့မှ နေ့စဉ် နံနက် ၄ နာရီခွဲအချိန် အဆန်ခရီးစဉ်တွင် ပြေး ဆွဲသော ခရီးသည်တင်ရေယာဉ် အားလုံးသည် ဖောင်းပြင်မြို့နယ် တံငါကျေးရွာ၌ ညအိပ်စခန်းအဖြစ် သတ်မှတ်ရမည်ဖြစ်ပြီး မုံ ရွာမြို့မှ မွန်းလွဲ ၁ နာရီအဆန်ခရီး စဉ်တွင် ပြေးဆွဲသော ခရီးသည် တင်ရေယာဉ်အားလုံးအတွက် က လေးဝမြို့ကို ညအိပ်စခန်းအဖြစ်သတ်မှတ်သည်။

ဟုမ္မလင်းမြို့မှ နံနက် ၄ နာရီခွဲအချိန် အစုန်ခရီးစဉ်ပြေးဆွဲ သော ခရီးသည်တင်ရေယာဉ်အား လုံးသည် ကလေးဝမြို့၌ ညအိပ်စခန်းအဖြစ် သတ်မှတ်ရမည်ဖြစ်ပြီး ဟုမ္မလင်းမြို့မှ မွန်းလွဲ ၁ နာရီ အချိန် အစုန်ခရီး စဉ် ပြေးဆွဲသော ခရီးသည်တင်ရေယာဉ်အားလုံး အနေဖြင့် တံငါကျေးရွာနှင့် မော် လိုက်မြို့တို့တွင် ညအိပ်စခန်းများ အဖြစ် သတ်မှတ်ရန် စီစဉ်ထား ကြောင်း ချင်းတွင်းရေကြောင်း သွားခရီးသည်တင် ရေယာဉ်ပိုင် ရှင်များက ပြောသည်။

ညအိပ်စခန်းတွင် ရပ်နား ထားသော ရေယာဉ်များသည် နောက်တစ်နေ့ နံနက် ၄ နာရီခွဲအ ချိန်မှစတင်၍ ပုံမှန်ခရီးစဉ်အတိုင်း ပြေးဆွဲသွားမည်ဖြစ်သည်။

7Day Daily 

No comments:

Post a Comment