Tuesday 2 June 2015

တရုတ်နိုင်ငံသားနှစ်ဦး ရွှေတုံးအတုများရောင်းချပြီး ဒေါ်လာသုံးသိန်းခန့် လိမ်လည်ထွက်ပြေး

ရွှေတုံးအတုများကို အမေရိကန်ဒေါ်လာ သုံးသိန်းခန့် ဖြင့် လိမ်လည်ရောင်းချသွားသော တရုတ်နိုင်ငံသားနှစ်ဦးကို ဖမ်းဆီး ရမိနိုင်ရန် နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်) နှင့် ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။မေလ ၂၅ ရက်က ရန်ကုန် မြို့ ဗိုလ်အောင်ကျော်လမ်းတွင် တရုတ်နိုင်ငံသား နှစ်ဦးသည် ရွှေ တစ်ကျပ်သား အစစ်တစ်တုံးလျှင် ကျပ်သုံးသိန်းခန့်ဖြင့် ဈေးလျှော့ ရောင်းချပြီး အခြား ရွှေတုံးအတု ၁၇၉ တုံးကို မေလ ၂၉ရက်က လိမ်လည် ရောင်းချခဲ့ခြင်းဖြစ် သည်။‘‘နယ်စပ်ဖြတ်ကျော်မှုခင်း ဌာနနဲ့ ရဲချုပ်ဆီ အကြောင်းကြား ပြီးပြီ။ နယ်စပ်ဖြတ်ကျော်မှုခင်းဌာနကနေ အင်တာပိုလ်ကို ချိတ် ဆက်လိုက်မယ်’’ဟု ဗိုလ်တ ထောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စိန်ဝေက ပြောသည်။

ပလတ်စတစ်စီးပွားရေးလုပ် ငန်းရှင်တစ်ဦးထံ ဖုန်းမှတစ်ဆင့် တရုတ်စကားဖြင့် ဆက်သွယ်ပြော ကြားကာ လိမ်လည်ရောင်းချခဲ့သော အသက် (၄၀) ခန့်အရွယ် တရုတ်နိုင်ငံသား နှစ်ဦးကို လေဆိပ်နှင့် တရုတ်နိုင်ငံနယ်စပ်ထွက်ပေါက်များတွင်လည်း ရှာဖွေနေကြောင်း သိရသည်။
‘‘အလိမ်ခံရရချင်း ကျွန်တော် တို့ဆီလာတိုင်တော့ လိမ်သွားတဲ့ သူတွေ ကိုင်တဲ့ တယ်လီဖုန်းတည် နေရာက ပြီးခဲ့တဲ့ နှစ်ရက်၊ သုံးရက်အထိ ကြည့်မြင်တိုင်မြို့နယ်လို့ ပြနေတာနဲ့ တစ်မြို့နယ်လုံးကို စောင့်ကြည့်ပြီး ရှာနေတယ်။ ခက် တာက အလိမ်ခံရတဲ့သူ ကိုယ် တိုင်လည်း သူ့ကို လိမ်သွားတဲ့ နှစ်ယောက်ကို သေသေချာချာ မမှတ် မိလိုက်လို့ မှတ်မိသလောက် ခဲခြစ်ပုံကြမ်းဆွဲပြီး လိုက်ရှာနေတယ်။ အခုအထိ တရားခံနှစ်ယောက်စလုံးကို လိုက်နေတုန်းပဲ’’ဟု အရှေ့ပိုင်းခရိုင် ဗိုလ်တထောင်မြို့ နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စိန်ဝေက ပြောသည်။
ယင်းလိမ်လည်မှုဖြစ်စဉ် အ ကြောင်းအရာကို အသေးစိတ်ရေး သားကာ နယ်စပ်ဖြတ်ကျော်မှုခင်း ဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ ချုပ်ထံ သတင်းပေးပို့ထားပြီး ပြည်တွင်းတွင် ဖမ်းမမိပါက နိုင်ငံ တကာရဲတပ်ဖွဲ့ (အင်တာပိုလ်)ထံသို့ ထပ်မံအကြောင်းကြားကာ လိမ်လည်ထွက်ပြေးသူနှစ်ဦးကို ဖမ်းမိ နိုင်ရေး လုပ်ဆောင်မည် ဖြစ် ကြောင်း ရဲမှူးစိန်ဝေက ပြော ကြားသည်။
‘‘ဒီဖြစ်စဉ်တွေက အရင်က ဖုန်းတို့၊ လက်ပ်တော့တို့ လိမ် ရောင်းတာနဲ့လည်း ဆက်စပ်နေ တယ်။ ဒီထဲမှာ ဖမ်းမမိရင် နယ်စပ်ဖြတ်ကျော်မှုခင်းဌာနကနေ အင် တာပိုကို မှုခင်းဖြစ်စဉ် အဆင့်ဆင့်တင်ပြပါလိမ့်မယ်။ စခန်းမှာတော့ လိမ်လည်မှုနဲ့ အမှုဖွင့်ထားတယ်’’ ဟု ရဲမှူးစိန်ဝေက ပြောသည်။
7Day Daily

No comments:

Post a Comment