Tuesday 2 June 2015

မန်းဇာတ်သဘင်၊ အငြိမ့်နှင့် ဆိုင်းအဖွဲ့များအား စည်းကမ်းချက်တိုးမြှင့်

 လာမည့်သဘင်ရာသီ တွင် မန္တလေးမြို့ရှိ ဇာတ်သဘင်၊ အငြိမ့်နှင့် ဆိုင်းအဖွဲ့ဝင်များ လိုက်နာရန် စည်းကမ်းချက်များ တိုးမြှင့် လိုက်ကြောင်း သတင်းရရှိသည်။
ဇာတ်သဘင်၊ အငြိမ့်နှင့် ဆိုင်းအဖွဲ့ဝင်များသည် မြို့ပေါ်ပွဲ မှအပ ပွဲကရာ ဒေသများသို့ အဖွဲ့ နှင့်အတူ တစ်ပါတည်းလိုက်ပါကြ ရန်၊ ပွဲကပြချိန် ည ၈ နာရီမှ နံနက်၆ နာရီအထိ ဖုန်းလုံးဝ အသုံးမပြုရန်၊ ကြော်ငြာဆိုင်းဘုတ်များ တွင် မြန်မာ့ယဉ်ကျေးမှုနှင့် မညီ ညွတ်သည့် အ၀တ်အစားများဝတ် ဆင်ပြီး ကြော်ငြာခြင်း မပြုရန် စသည့် အချက်သုံးချက်ကို တိုး မြှင့်လိုက်ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး သဘင်ပညာရှင်များအစည်းအရုံးမှ တာဝန်ရှိ သူများက ပြောသည်။


ပွဲကရာဒေသသို့ ဇာတ်အဖွဲ့ နှင့်အတူ မလိုက်ပါဘဲ ဆိုင်ကယ် ဖြင့် နောက်မှလိုက်လာတတ်ကြ သည့်အတွက် အချိန်မီမရောက် ခြင်း၊ ပွဲထွက်နောက်ကျသည့် အတွက် ပွဲငှားရမ်းခလျှော့ခံရ ခြင်း၊ နောက်မှ ဆိုင်ကယ်ဖြင့် လိုက်ပါရာမှ ယာဉ်အန္တရာယ်များ ဖြစ်ပေါ်တတ်ခြင်းတို့ ကြုံတွေ့နေ ရကြောင်း၊ ပွဲကချိန် ဖုန်းများ အသုံးပြုတတ်ကြသဖြင့် ကပြဖျော်ဖြေရာတွင် အချိန်နှောင့်နှေး မှုများ ဖြစ်ပေါ်ရပြီး အဖွဲ့သားအ ချင်းချင်း လူမှုရေးကိစ္စ ရှုပ်ထွေးမှု များလည်း ဖြစ်ပေါ်နေကြောင်း ဆိုသည်။ ထို့အပြင် ကြော်ငြာဆိုင်း ဘုတ်များတွင် မြန်မာ့ယဉ်ကျေးမှု နှင့် မလျော်ညီသည့် ၀တ်စား ဆင်ယင်မှုများကြောင့် နိုင်ငံတ ကာဧည့်သည်များ မြင်တွေ့သွား လျှင် အရှက်ရနိုင်ကြောင်း၊ အဆို ပါပြဿနာများကြောင့် စည်းကမ်းချက်အသစ်များ တိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း အစည်းအရုံးတာဝန် ရှိသူများက ပြောသည်။

‘‘အဖွဲ့တစ်ဖွဲ့ချင်းမှာလည်း သူ့အဖွဲ့နဲ့သူ ကိုယ်ပိုင်စည်းကမ်း ချက်တွေ ရှိပါတယ်။ အခုထုတ် ပြန်လိုက်တဲ့ စည်းကမ်းချက်တွေ ကို ဇာတ်မန်နေဂျာတွေက တာဝန်ယူ ကြပ်မတ်ပေးရမှာပါ’’ဟု တိုင်းဒေသကြီးသဘင်ပညာရှင် များ အစည်းအရုံးမှ လူမှုဖြေရှင်း ရေးကော်မတီအတွင်းရေးမှူး ဦး ပေါက်ကျိုင်းက ပြောကြားသည်။

စည်းကမ်းချက်များ လိုက်နာခြင်းမရှိပါက ငွေဒဏ်ရိုက်ခြင်း၊ အကျင့်ပျက်ဝန်ထမ်းအဖြစ် သတ်မှတ်ကာ အဖွဲ့မှ အနားပေးခြင်း၊ ကြိုသုံးထုတ်ပေးငွေများကို  တစ်ခါတည်း ပြန်လည် ပေးဆောင် ရမည်ဖြစ်ပြီး မပေးဆောင်နိုင် ပါက တည်ဆဲဥပဒေအရ တရားစွဲဆိုခြင်းများ ဆောင်ရွက်သွား မည်ဟု ဆိုသည်။ မန္တလေးမြို့ တွင် ပြီးခဲ့သည့် သဘင်ရာသီက ဇာတ်အဖွဲ့ ၃၆ ဖွဲ့၊ ဧည့်ဇာတ် အဖွဲ့ ငါးဖွဲ့၊ အငြိမ့်အဖွဲ့ လေးဖွဲ့ နှင့် ဆိုင်းအဖွဲ့ ၆၂ ဖွဲ့ရှိခဲ့သည်။
7 day

No comments:

Post a Comment