Tuesday 2 June 2015

ကျပ်ခြောက်ဘီလီယံတန်ဖိုးရှိ စစ်မှုထမ်းဟောင်းအိမ်ရာ စီမံကိန်းများ ဆောက်လုပ်ရန် ပါဝင်လိုသူများ လက်ခံမည်ဟု တပ်ချုပ်ပြောကြား


 ယခုနှစ်အတွင်း တည် ဆောက်မည့် စစ်မှုထမ်းဟောင်း အိမ်ရာစီမံကိန်းများဆောက်လုပ် ရန် ပူးပေါင်းဆောင်ရွက်လိုသူ များအား လက်ခံမည်ဟု တပ်မ တော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားကြောင်း နိုင်ငံပိုင်သ တင်းဌာနများတွင် ဖော်ပြသည်။
ဗိုလ်ချုပ်မှူးကြီးက ၂၀၁၅ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ညှိ နှိုင်းအစည်းအဝေး၌ အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။


ယင်းအိမ်ရာစီမံကိန်း သည် ကျပ် ခြောက်ဘီလီယံတန်ဖိုး ရှိပြီး တိုင်းစစ်ဌာနချုပ် နယ်မြေသုံးခု တွင် ထပ်မံဆောက်လုပ်မည်ဖြစ် ကြောင်း ၎င်းက ပြောသည်။
ထို့အပြင် အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်နယ်မြေ လောက်ကိုင် တိုက်ပွဲ၌ ဒဏ်ရာရ၊ ကျဆုံးခဲ့ သည့် အရာရှိများ၊ စစ်သည်များ နှင့် မိသားစုများ၊ အငြိမ်းစားများ နေထိုင်ရန် အိမ်ရာများဆောက် လုပ်လျက်ရှိသည်ဟုဆိုသည်။ အ ထက်ပါ စစ်သည်အများစုနေ ထိုင်လိုသည့် တိုင်းစစ်ဌာနချုပ် နယ်မြေငါးခု၌ စစ်မှုထမ်းဟောင်း အိမ်ရာများကို ကျပ် ၁၁ ဘီလီယံ အကုန်ကျခံအကောင်အထည် ဖော်ဆောင်ရွက်နေသည်ဟု ၎င်း က ဆက်လက်ပြောသည်။
ဘတ်ဂျက်ခွဲဝေရရှိသည့် အ ခြေအနေပေါ် မူတည်၍ စစ်မှု ထမ်းဟောင်း အိမ်ရာစီမံကိန်း များကို ဆက်လက်တိုးချဲ့လုပ် ဆောင်မည်ဖြစ်ကြောင်း တပ်ချုပ် ၏ တရားဝင်ဖေ့စ်ဘွတ်ခ်၌ ရေး သားထားသည်။
7 day

No comments:

Post a Comment