Tuesday 2 June 2015

လှေစီးဒုက္ခသည်များအရေးနှင့် ပတ်သက်၍ ဒီချုပ်ကြေညာချက် ထုတ်ပြန်

 လှေစီးဒုက္ခသည်များ အရေးနှင့် ပတ်သက်၍ ၎င်းတို့၏ လုံခြုံရေး၊ စားဝတ်နေရေး ပြဿနာများကို ကူညီဆောင်ရွက်သင့်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြေညာချက်တစ် စောင်ထုတ်ပြန်သည်။
ဘုန်းတော်ကြီး ဒလိုင်းလား မားက သြစတြေးလျသတင်းစာ တစ်စောင်မှတစ်ဆင့် ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် လှေစီး ဒုက္ခသည်များအရေးတွင် နှုတ် ဆိတ်မနေသင့်ကြောင်း မေလ ၂၈ ရက်က တိုက်တွန်းခဲ့သည်။ ယင်းသို့ တိုက်တွန်းချက်နှင့် တိုက်ဆိုင်စွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဇွန်လ ၁ ရက်တွင် ကြေ ညာချက်ထုတ်ပြန်ခြင်း ဖြစ်သည်။

အဆိုပါ ကြေညာချက်တွင် မြန်မာ့ပင်လယ်ပြင်နှင့် အာဆီယံ နိုင်ငံအချို့၏ ပင်လယ်ပြင်၌ ဖမ်းမိခဲ့သော လှေစီးဒုက္ခသည်များ၏ စားဝတ်နေရေးပြဿနာများ၊ ၎င်း တို့၏ လုံခြုံရေးနှင့် သက်သောင့် သက်သာနေနိုင်ရေးအတွက် အ မြန်ဆုံးဆောင်ရွက်ပေးရန် လိုအပ် ကြောင်း၊ အများစုက ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှ ဖြစ်သော်လည်း မြန် မာနိုင်ငံမှလည်း ပါဝင်သည်ဟု သတင်းများအရ သိရပြီး နိုင်ငံတ ကာအကူအညီများရယူ၍ လတ် တလောရင်ဆိုင်နေရသည့် ပြဿ နာများကို ကူညီဖြေရှင်းပေးကာ မည်သည့်နိုင်ငံမှ ဖြစ်သည်ကို သေချာစွာ စိစစ်အတည်ပြု ရမည်ဖြစ်ကြောင်း ပါရှိသည်။

လှေစီး ဒုက္ခသည်များကိစ္စ သည် ရခိုင်ပြည်နယ် ဘူးသီး တောင်၊ မောင်တောဒေသများ တွင် လွန်ခဲ့သော သုံး၊ လေးနှစ်ခန့် မှစ၍ ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများ နှင့် ဆက်စပ်မှုရှိသည်ဟု ရှုမြင်ပြီး တစ်ကမ္ဘာလုံးက စိုးရိမ်ပူပန်နေ သော လူကုန်ကူးခြင်းပြဿနာကို လည်း ထိရောက်စွာ ကိုင်တွယ်ရမည်ဟု တိုက်တွန်းထားသည်။ ထို့ပြင် လှေစီးဒုက္ခသည် ပြဿနာကို နိုင်ငံတကာအသိုက်အ၀န်းကပါ ၀ိုင်းဝန်းကူညီဖြေရှင်းပေးသင့်ကြောင်း အကြံပြုထားသည်။

ရခိုင်ပြည်နယ်ရှိ ပြဿနာ များနှင့် ပတ်သက်၍ ပြောကြားမှု များ၊ ကြေညာချက်များအမျိုးမျိုး ထုတ်ပြန်ခဲ့သော်လည်း ထိုမျှနှင့် မလုံလောက်ဘဲ ထိရောက်သော လုပ်ငန်းရပ်များကို ဘက်စုံအမြင် ဖြင့် ညင်သာစွာ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အတွင်း လူမျိုးရေးပဋိပက္ခများ ပြေငြိမ်းစေရန်နှင့် လှေစီးဒုက္ခ သည်များ ထပ်မံမပေါ်ပေါက်လာ စေရန် နယ်စပ်လုံခြုံရေး၊ နယ်စပ်ဒေသနှင့် သက်ဆိုင်သော အာဏာပိုင်များ အဂတိလိုက်စားမှုကင်းရှင်းရေး၊ လူသားချင်းစာနာသော အကူအညီအထောက်အပံ့များ လိုအပ်သူများထံ လျင်မြန်ပြည့်ဝစွာရောက်ရှိစေရေး၊ နိုင်ငံသားဖြစ်မှုဆိုင်ရာကိစ္စရပ်များကို တရားမျှတပွင့်လင်းစွာ အမြန်ဆုံးဆောင်ရွက်ရေးအပါအ၀င် အချက် (၇)ချက်ပါ တိုက်တွန်းချက်ကို ထုတ်ပြန်ခဲ့သည်။

 နိုင်ငံတကာကမြန်မာနိုင်ငံတွင် လူနည်းစု ဘင်္ဂါလီဒုက္ခသည်များ ကို ဗုဒ္ဓဘာသာဝင်များက ဖိနှိပ် နေကြောင်း စွပ်စွဲမှုများရှိနေပြီး ယင်းကိစ္စနှင့် ပတ်သက်၍ တစ်စုံ တစ်ရာပြောကြားခြင်း မရှိသေး သည့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်မှုများရှိနေသည်။ မြန်မာ့အရေး လေ့လာသူများက လာ မည့်ရွေးကောက်ပွဲမတိုင်မီ မဲဆန္ဒ ရှင်ပြည်သူများ၏ သဘောထား အမြင်အပေါ် မူတည်၍ ဒေါ် အောင်ဆန်းစုကြည်အနေဖြင့် ယခုကိစ္စကို သိမ်မွေ့စွာ ကိုင်တွယ်ရဖွယ်ရှိကြောင်း မှတ်ချက်ပြုထား ကြသည်။

ပြီးခဲ့သည့် မေလအတွင်း ဘင်္ဂါလီလှေစီးဒုက္ခသည် ၃,၅၀၀ ကျော်သည် အက်ဒမန်ပင်လယ် ကို ဖြတ်ကာ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားကမ်းခြေများသို့ ရောက်လာခဲ့ပြီး ပင်လယ်ထဲတွင် လှေများဖြင့် မျောပါနေသည့် ဘင်္ဂါလီဒုက္ခ သည် ထောင်နှင့် ချီရှိနေနိုင်သေး ကြောင်း ကုလသမဂ္ဂက ကြေညာ ထားသည်။ မြန်မာနိုင်ငံပင်လယ် ပြင်ပိုင်နက်အတွင်း ဘင်္ဂါလီ လှေ စီးဒုက္ခသည် ကိုးရာကျော်ကို ဖမ်းဆီးနိုင်ခဲ့ကာ ၎င်းတို့အား သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်ပို့နိုင်ရေးမြန်မာအစိုးရက စိစစ်မှုများ ပြု လုပ်နေသည်။

လှေစီးဒုက္ခသည်များကို အင်ဒိုနီးရှားကမ်းရိုးတန်းတစ်နေရာတွင် မေလဆန်းက တွေ့ရစဉ် (ဓာတ်ပုံ − အေအက်ဖ်ပီ)

No comments:

Post a Comment