Tuesday 2 June 2015

မြေစာတင်ယာဉ်တိုက်၍ သေဆုံးသော လူငယ်အတွက် ကျပ်သိန်း ၁,၃၀၀ လျော်ကြေးပေးရန် သဘောတူ

ဖားကန့်ဒေသရှိ ကတေ မှော်တွင် မြတ်ယမုံကုမ္ပဏီ၏ မြေ စာတင်ယာဉ်တိုက်မိ၍ သေဆုံးသွားသည့် လူငယ်အတွက် ကျပ်သိန်း ၁,၃၀၀ လျော်ကြေးပေးရန် ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးအဖွဲ့နှင့် ကုမ္ပဏီတို့က ဇွန်လ ၁ ရက်တွင် သဘောတူညီခဲ့ကြောင်း သတင်းရရှိသည်။
‘‘ဒီနေ့တော့ လျော်ကြေးသ ဘောတူစာချုပ်တော့ ချုပ်ထားပြီ။ ပိုက်ဆံတော့ သန်ဘက်ခါမှ ပေး မယ်တဲ့’’ဟု ကချင်အမျိုးသားလူမှု ဖွံ့ဖြိုးရေးအဖွဲ့ အတွင်းရေးမှူး ဦးနော်လောန်က ပြောသည်။
မေလ ၃၀ ရက်က မြတ်ယမုံ ကုမ္ပဏီမှ မြေစာတင်ယာဉ်သည် ဆွတ်အောင်ကျေးရွာ အ၀င်ဝ လမ်းတွင် အသက် (၂၀) ကျော်အ ရွယ် ရေမဆေးကျောက်ရှာဖွေသူ ဂွမ်ရတ်အောင်ဆိုသူ မောင်းနှင် နေသည့် ဆိုင်ကယ်ကို ၀င်တိုက်ခဲ့ ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ လုံးခင်းရဲစခန်းက ရမန်ယူ၍ သက်သေများ စစ်ဆေးနေ ကြောင်း လုံးခင်းရဲစခန်းမှူးက ပြောကြားသည်။
‘‘လမ်းလည်း ဖြောင့်တယ်။ လမ်းမှာ ဒီတိုင်းမောင်းနေတာကို နောက်ကနေ ၀င်တိုက်လိုက်တာ ဟုတ်တယ်။ ကားက အရမ်းမြင့် တော့ ရှေ့မှာ မမြင်ရလို့လားတော့ မသိဘူး။ အမှန်ဆို ဒီလမ်းက ကုမ္ပ ဏီလမ်းမဟုတ်ဘူး။ ပြည်သူတွေ သွားတဲ့ လမ်းပဲ’’ဟု ကတေမှော် ဒေသခံ ကိုဇော်ဆိုင်းက ပြော သည်။
ယခုနှစ်အတွင်း ဖားကန့် ဒေသတွင် ကုမ္ပဏီမြေသယ်ယာဉ် များနှင့် တိုက်မိမှုလေးကြိမ် ဖြစ်ပွားပြီး လူငါးဦးသေဆုံးခဲ့ကြောင်း ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေး အဖွဲ့မှ သိရသည်။
7Day Daily

No comments:

Post a Comment