Tuesday 2 June 2015

ဖေ့စ်ဘွတ်ခ်မိတ်ဆွေတွေနဲ့ ပရဟိတအဖွဲ့ ဖွဲ့ပြီး အလှူလုပ်နေတဲ့ တင်ဇာမော်

 လူမှုကွန်ရက်ဖေ့စ် ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် သူငယ်ချင်းများနှင့်စုပေါင်း၍ ပရ ဟိတအဖွဲ့ဖွဲ့ကာ လိုအပ်နေသည့် နေရာများသို့ တတ်နိုင်သလောက်လှူဒါန်းမှုများပြုလုပ်ရန် အစီ အစဉ်ရှိကြောင်း အဆိုတော် တင်ဇာမော်ကပြောသည်။
‘‘ပြီးခဲ့တဲ့ ၂နှစ်လောက်က ဖေ့စ်ဘွတ်ခ်မှာ ‘ဝသောသူကို ကြင်နာပါ’ဆိုတဲ့ group လေးဖွဲ့ ခဲ့တယ်။ နောက်ပိုင်းမှာ အခုလို လှူချင်တဲ့ဆန္ဒလေးရှိလို့ အဲဒီအဖွဲ့ကလူတွေနဲ့တိုင်ပင်ပြီး အဖွဲ့လေး ထပ်လုပ်ဖြစ်တာ။ ဒီအဖွဲ့မှာလည်း‘ဝသောသူကိုကြင်နာပါ’အဖွဲ့ ထဲက လူတော်တော်များများပြန်ပါ တယ်’’ဟု ၎င်းတို့၏ ပရဟိတ အလှူဒါနအဖွဲ့အကြောင်းကို တင်ဇာမော်ကပြောသည်။
အဆိုပါအဖွဲ့၏ ပထမဆုံး လှူဒါန်းမှုအစီအစဉ်အနေဖြင့် မေလ ၃၁ ရက်တွင် လှည်းကူး တာဆုံအကျော်ရှိ မြန်မာစိမ်းလန်း မြေလူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာသို့ စာရေးကိရိယာနှင့် အလှူငွေ စုစုပေါင်းကျပ်သိန်း ၂၀ လှူဒါန်းခဲ့ကြောင်း ၎င်းက ပြောသည်။

‘‘တစ်လတစ်ကြိမ်တော့ လှူဖြစ်မှာမဟုတ်လောက်ဘူး။ အစ်မကလည်း ဟိုနဲ့ဒီနဲ့သွားနေ တာဆိုတော့။ ပြန်လာတဲ့အချိန် တွေမှာတော့ တကယ်လိုအပ်တဲ့ နေရာတွေကို အားလုံးတိုင်ပင်ပြီး လှူဖြစ်မယ်။ အခုတစ်ခေါက်က ကလေးတွေကိုလှူတာဆိုတော့ နောက်တစ်ခေါက်ဆိုရင် ဘိုးဘွား တွေကို  သွားလှူဖြစ်မယ်’’ဟု တင်ဇာမော်ကပြောသည်။
မြန်မာနိုင်ငံသို့ရောက်ရှိနေ သည်မှာ နှစ်လခန့်ရှိပြီဖြစ်ပြီး လန်ဒန်သို့ ဇွန်လ ၂၂ ရက်တွင် ပြန်လည်ထွက်ခွာမည်ဟု ၎င်းက ပြောသည်။
‘‘နှစ်လအတွင်း မြို့ကိုးမြို့ကိုဖျော်ဖြေရေးခရီးတော့သွားဖြစ် တယ်။ တစ်ကိုယ်တော်အခွေက တော့ သီချင်းတွေစုပြီး နောက် တစ်ခေါက်ပြန်လာမှသွင်းမယ်။ တစ်ကိုယ်တော်ပွဲကတော့ လော လောဆယ်တိုင်ပင်တုန်းပဲ။ ဒီနှစ် ထဲမှာမလုပ်ဖြစ်ရင် ရှေ့နှစ် ဖေဖော်ဝါရီလောက်လုပ်ဖြစ်မယ်’’ဟု ၎င်းကပြောသည်။
7 day

No comments:

Post a Comment