Tuesday 2 June 2015

ဗြိတိန်သံရုံးတွင် ပြည်ဝင်ခွင့် လျှောက်လွှာ လက်မခံတော့

 ဗြိတိသျှသံရုံး(ရန်ကုန်) တွင် ဗြိတိန်ပြည်ဝင်ခွင့်လျှောက် လွှာများ လက်ခံတော့မည်မဟုတ် ဘဲ လက်ခံမည့် စင်တာအသစ်ကို သီတင်းနှစ်ပတ်အတွင်း ဖွင့်လှစ် သွားမည်ဟု သတင်းရရှိသည်။
ဗြိတိန်ပြည်ဝင်ခွင့်လျှောက် လွှာလက်ခံမည့် စင်တာအသစ် မဖွင့်မီ မြန်မာနိုင်ငံတွင် ဗြိတိန် ပြည်ဝင်ခွင့် လျှောက်ထားနိုင် မည်မဟုတ်ဘဲ အရေးတကြီး လျှောက်ထားလိုသူများ ထိုင်း နိုင်ငံ၊ ဘန်ကောက်မြို့သို့ သွား ရောက်လျှောက်ထားရမည်ဖြစ် ကြောင်း ဗြိတိန်သံရုံးက သတင်း ထုတ်ပြန်သည်။
‘‘ထိုင်းနိုင်ငံက UKVI ဆင်းလာပြီးတော့ ပြည်ဝင်ခွင့်နဲ့ပတ်သက်တဲ့ အပြောင်းအလဲတချို့ ရှင်းပြဖို့ သံရုံးကို ဖိတ်ခေါ်ထားတယ်။ ပြည်ဝင်ခွင့်လက်ခံတဲ့ စင်တာအသစ်က ပုဂ္ဂလိကဖြစ်တဲ့အတွက် သတင်းအချက်အလက်တွေ ပိုမိုရရှိလာမယ်ထင်ပါတယ်’’ ဟု Crown Edu-cation ပညာရေး ဝန်ဆောင်မှုလုပ်ငန်းမှ ဦးအောင်ကျော်ဆန်းက ပြောသည်။
 ဇွန်လလယ်တွင် ရန်ကုန်မြို့၌ ဗြိတိန်ပြည်ဝင်ခွင့်လျှောက်လွှာ လက်ခံမည့် စင်တာအသစ် ဖွင့်လှစ်သွားမည်ဖြစ်ပြီး လက်ရှိ ဗြိတိန်ပြည်ဝင်ခွင့်လျှောက်လွှာတင်ထားသူများနှင့် စာရွက်စာတမ်းများပြန်လည်ရရှိရန် စောင့်ဆိုင်းနေသူများ အနေဖြင့် စင်တာ အသစ်မဖွင့်လှစ်မီအထိ ဗြိတိသျှ သံရုံး(ရန်ကုန်)နှင့် ဆက်သွယ်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ဗြိတိန်နိုင်ငံသည် မြန်မာနိုင်ငံမှ ကျောင်းသားအများအပြား သွားရောက် ပညာသင်ယူနေသော နိုင်ငံဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များနှင့် အလည်အပတ် ခရီးသွားသူများ သွားရောက်မှုမြင့်တက်နေကြောင်း သတင်းရရှိသည်။
7 day

No comments:

Post a Comment