Tuesday 2 June 2015

ယန်ဇီမြစ်အတွင်း သင်္ဘောနစ်မြုပ်ရာ လူပေါင်း ရာနှင့်ချီ ပျောက်ဆုံးနေလျက်ရှိ


 တရုတ်နိုင်ငံတောင်ပိုင်း ဟူဘေးပြည်နယ် ယန်ဇီမြစ်အတွင်း လေပြင်းမုန်တိုင်းတိုက်၍ ခရီးသည် ၄၅၀ ကျော် တင်ဆောင်လာသည့် သင်္ဘောနစ်မြုပ်ခဲ့ပြီး လူပေါင်း ရာနှင့်ချီ၍ ပျောက်ဆုံးလျက်ရှိသည်။
သဘောင်္နစ်မြုပ်မှုကို ကယ်ဆယ်ရေးများဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိအထိ လူအနည်းဆုံးသေဆုံးပြီဟု သိရကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။
သင်္ဘောက မနစ်မြုပ်မီ ကယ်ဆယ်ရေးသင်္ကေတ SOS ပေးပို့ခဲ့ခြင်းမရှိကြောင်း သတင်းတွင် ဖော်ပြသည်။

တစ်ချို့သောခရီးသည်များက ကမ်းခြေသို့ ကူးခတ်လာကြ၍ ရဲများနှင့် ငါးဖမ်းသမားများက လိုက်လံကူညီကယ်ဆယ်ခဲ့ရသည်။
လတ်တလောတွင် လူ ၁၀ ခန့်ကိုသာ ကယ်ဆယ်ထားနိုင်သည်။ ကယ်ဆယ်နိုင်သူများတွင် တစ်ချို့က ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိကြ၍ ဆေးရုံသို့ ပို့ဆောင်ထားရ နိုင်ငံပိုင်သတင်းတွင် ဖော်ပြသည်။ လေပြင်းကျ၍ မိုးသည်ထန်နေခြင်းကြောင့် ကယ်ဆယ်ရေးလုပ်ဆောင်ရာတွင် အခက်အခဲများ ရှိနေသည်။
ကယ်ဆယ်ရေးများ ဆောင်ရွက်ရန် စစ်သား ရာပေါင်းများစွာကိုလည်း သင်္ဘောနစ်ရာနေရာသို့သို့ စေလွှတ်ထားကြောင်း စီစီတီဗီသတင်းတွင် ဖော်ပြသည်။
သင်္ဘောနစ်မြုပ်ရာသို့ ဝန်ကြီးချုပ် လီကာရှန်းရောက်ရှိလာပြီး ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို စတိတ်ကောင်စီမှ အဖွဲ့တစ်ဖွဲ့က ဦးဆောင်လျက် လုပ်ဆောင်ကြရန် ညွန်ကြားသွားကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။
REF : BBC

No comments:

Post a Comment