Tuesday 2 June 2015

သေဆုံးသွားသည့် မီးရှို့ဆန္ဒပြတောင်သူ၏ တူမနှစ်ဦး ထပ်မံအမှုဖွင့်ခံရ

အသိမ်းခံရပြီး ပြန်မရသောမြေယာကို ပြသနေသော ဦးမြင့်အောင်၏ တူမတစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျွန်ချစ်ငြိမ်း)
 တောင်ကြီးမြို့နယ် ရေပူကျေးရွာတွင် တပ်သိမ်းမြေ များ ပြန်လည်မရရှိ၍ မိမိကိုယ် ကိုယ် ဓာတ်ဆီလောင်းမီးရှို့အဆုံး စီရင်ခဲ့သော အသက် (၆၃) နှစ်အ ရွယ် တောင်သူဦးမြင့်အောင်၏ တူမနှစ်ဦးကို တပ်ပိုင်မြေအတွင်း ကျူးကျော်ဝင်ရောက်စိုက်ပျိုးမှု ဖြင့် အမှုဖွင့် တိုင်ကြားထား ကြောင်း သတင်းရရှိသည်။

မီးရှို့ဆန္ဒပြသေဆုံးခဲ့သည့် ဦးမြင့်အောင် ပြန်လည်တောင်းဆိုခဲ့သော လယ်မြေအတွင်းဝင်ရောက်လုပ်ကိုင်မှုဖြင့် ၎င်း၏တူမနှစ်ဦးကို တပ်မတော်ကအမှုဖွင့် တိုင်ကြားလိုက်ခြင်း ဖြစ်သည်။

မေလ ၂၁ ရက်တွင် မိမိ ကိုယ်ကိုယ်ဓာတ်ဆီလောင်းမီးရှို့ အဆုံးစီရင်ခဲ့သော တောင်သူဦး မြင့်အောင်၏ တူမနှစ်ဦးကိုတောင် နီ ရပခ(အရှေ့ပိုင်းတိုင်း စစ်ဌာန ချုပ်)စိုက်ကွင်းတာဝန်ခံ ဗိုလ်ကြီး ၀င်းထွန်းအောင်က တရားလိုပြု လုပ် တိုင်ကြားခဲ့၍ ရွှေညောင်မြို့မရဲစခန်းက ပုဒ်မ ၄၂၇၊ ၄၄၇ ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။

‘‘ပုဒ်မနှစ်ခုနဲ့ တောင်သူဦး မြင့်အောင် အခင်းဖြစ်တဲ့နေ့က တည်းက အမှုဖွင့်ထားတာပါ။ မ နေ့ကမှ စခန်းမှူးရယ်၊ ရဲတပ်သား တွေရယ်၊ နယ်ထိန်းခေါင်းဆောင် ရယ် ကျေးရွာကိုသွားပြီးတော့ သူ တို့နေအိမ်မှာ ရှာဖွေတာတွေ၊ စစ် ဆေးတာတွေ လာလုပ်သွားပါ တယ်’’ ဟု လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် တောင်ကြီးခရိုင်အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်မောင် တိုးကပြောကြားသည်။

ရဲစခန်းက လာရောက်ရှာဖွေ စစ်ဆေးစဉ် ကွယ်လွန်သွားသော ဦးမြင့်အောင်၏တူမများဖြစ်သော တောင်သူဒေါ်မော်မော်ဦးနှင့် ဒေါ် စန်းမြင့်တို့သည် နေအိမ်တွင်မရှိ ၍ စခန်းမှူးနှင့် ရဲတပ်သားများပြန်သွားခဲ့ပြီးမှသာ ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ထားသည်ကို သိရှိခဲ့ရသည်ဟု ဒေါ်မော်မော်ဦး၏ မိသားစုဝင်များကပြောကြားသည်။

‘‘အာမခံရဖို့  အရင်လုပ် ဆောင်ပြီးတော့ တရားရုံးမှာဥပဒေကြောင်းအရ ဆက်လက်ရင်ဆိုင်သွားဖို့ ကူညီဆောင်ရွက်ပေး မယ်’’ဟု ဦးတင်မောင်တိုးကပြော ကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရွှေညောင်ရဲစခန်းနှင့် တရားစွဲဆိုထားသည့် ဗိုလ်ကြီးဝင်းထွန်းအောင်တို့ကို ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်းမရှိပေ။

တောင်ကြီးမြို့နယ် ရေပူကျေးရွာတွင် ၂၀၀၄ ကတည်းက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ)က လယ်မြေဧက ၅,၀၀၀ ခန့်ကို သိမ်းဆည်းထားသည်ဟု ရှမ်းပြည်တောင်ပိုင်း တောင်သူလယ်သမားရေးရာ ကော်မတီ၏မှတ်တမ်းတွင် ဖော်ပြထားသည်။

သိမ်းဆည်းထားသည့် မြေ များကို စစ်တပ်က စိုက်ပျိုးထား ခြင်းမရှိဘဲ ယခင်ကတောင်သူများ အားသီးစားချပေးကာ အရက်ချက် စက်ရုံ၊ ကြက်ခြံများအဖြစ်ကုမ္ပဏီ များကို လုပ်ကိုင်ခွင့်ပြုထားသည် ဟု ရှမ်းပြည်တောင်ပိုင်း တောင် သူလယ်သမားရေးရာ ကော်မတီ မှ ဦးတင်ရွှေကပြောသည်။ တပ် သိမ်းမြေများနှင့်ပတ်သက်၍ မြေ ယာစုံစမ်းမှုကော်မတီ ဥက္ကဋ္ဌ၊တပ် မတော်ကာကွယ်ရေးဦးစီးချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် လွှတ်တော် ဥက္ကဋ္ဌတို့ထံ ၂၀၁၂ မှစ၍ စာပို့တိုင်ကြား တောင်း ဆိုနေသော်လည်း ဘက်စုံမွေးမြူ ရေးစခန်းဧရိယာအဖြစ် အသုံးပြု ၍ စွန့်လွှတ်နိုင်ခြင်းမရှိဟု အစီရင် ခံစာအပိုင်း(၃)ဖြင့် တပ်မတော်က ပြန်ကြားထားကြောင်း သတင်းရ ရှိသည်။
7 day

No comments:

Post a Comment