Tuesday 2 June 2015

လှေစီးဒုက္ခသည်များထံ သွားရောက်သတင်းယူသည့် သတင်းထောက်များကို ရေတပ်တားမြစ်

 ဧရာဝတီတိုင်း ဟိုင်း ကြီးကျွန်းအနီး ပင်လယ်ရေပြင် တွင် ထိန်းသိမ်းထားသည့် လှေစီး ဒုက္ခသည်များထံသို့ သွားရောက် သတင်းယူခဲ့သည့် နိုင်ငံတကာ သတင်းထောက်များကို  မြန်မာ့ တပ်မတော် (ရေ)က တားမြစ်ခဲ့ ပြီး သတင်းဓာတ်ပုံမှတ်တမ်းများ သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိ သည်။
မေလ ၃၀ ရက် နံနက်တွင် ပုသိမ်မြို့မှတစ်ဆင့် ဟိုင်းကြီးကျွန်းသို့ Reuter ၊ AP နှင့် EPA မှ နိုင်ငံခြားသားသတင်းထောက် သုံးဦး၊ မြန်မာသတင်းထောက်ငါးဦး စုစုပေါင်း သတင်းထောက်ရှစ်ဦး ရောက်ရှိလာပြီး လှေစီးဒုက္ခသည် များထံ သွားရောက်သတင်းယူရန် သက်ဆိုင်ရာအဆင့်ဆင့်သို့ တင် ပြခဲ့သည်။
မေလ ၃၁ ရက် နံနက်အထိ အကြောင်းပြန်ခြင်းမရှိသဖြင့် သတင်းထောက်များက မိမိအစီ အစဉ်ဖြင့် ခမောက်မော်ကျေးရွာ ရှိ ငါးဖမ်းလှေနှစ်စီးငှား၍ မြန်မာ့ပင်လယ်ပြင် လိပ်ကျွန်းအနီး လှေစီးဒုက္ခသည်များ၏ သင်္ဘောသို့ သွား၍ သတင်းဓာတ်ပုံရိုက်ခြင်း များပြုလုပ်နေစဉ် မြန်မာ့တပ် မတော် (ရေ)က တားမြစ်ခဲ့ခြင်း ဖြစ်ကြောင်း EPA မှ ဓာတ်ပုံ သတင်းထောက် ဦးငြိမ်းချမ်းနိုင် က ပြောသည်။

‘‘ရေတပ်က ကျွန်တော်တို့ လှေတွေကို သူတို့သင်္ဘောနား ကပ်ခိုင်းတယ်။ ကင်မရာတွေ သိမ်းပြီး ကတ်တွေကို အကုန် format ချပစ်လိုက်တယ်။ နောက်ကျွန်တော်တို့နာမည်စာရင်းယူ တယ်။ ဒါက ကန့်သတ်ဧရိယာမို့ သတင်းယူဖို့အထက်ကခွင့်မပြု ဘူး။ ဒါကြောင့် ကတ်တွေကို ဒီလို လုပ်တယ်။ အပြန်မှာလည်း ဓာတ် ပုံမရိုက်ဖို့ဆိုတဲ့အချက်တွေကို စာရွက်နဲ့ရေးထားတာကို လက် မှတ်ထိုးခိုင်းတယ်။ အပြန်မှာ လည်း ကျွန်တော်တို့ လှေပေါ်မှာ ရေတပ်သားတစ်ယောက်ထည့် ပေးလိုက်တယ်။ သူတို့စက်လှေနဲ့ ရေတပ်သားတစ်ယောက်လည်း လမ်းတစ်ဝက်အထိပါလာတယ်’’ ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်က ကပ္ပလီပင်လယ်ပြင် မြန်မာ့ရေပိုင် နက်အတွင်း လှေစီးဒုက္ခသည် ၇၀၇ ဦးပါဝင်သည့် လှေတစ်စီးကို မြန်မာ့တပ်မတော်(ရေ)က တွေ့ရှိ ကယ်ဆယ်ခဲ့ပြီး ဟိုင်းကြီးကျွန်းမှ နှစ်နာရီခွဲခန့် စက်လှေဖြင့် သွား ရောက်ရသည့် လိပ်ကျွန်းတွင် ထိန်းသိမ်းထားခြင်းဖြစ်သည်။
ဒုက္ခသည် ၇၀၇ ဦးအနက် ၄၀၀ ကျော်ကို ၎င်းတို့လိုက်ပါလာ ခဲ့သည့် မူရင်းလှေကြီးပေါ်တွင် ထားရှိထားပြီး ကျန်ဒုက္ခသည်များ ကို တပ်မတော်(ရေ)ပိုင်  စစ် သင်္ဘောနှစ်စီးပေါ်တွင် ပြန်လည် နေရာချထားပေးပြီး ဒုက္ခသည် များ၏ အနံ့အသက်များမှာ ဆိုး ရွားနေကြောင်း မျက်မြင်တွေ့ရှိခဲ့ သည့် ဓာတ်ပုံသတင်းထောက် ကိုစိုးဇေယျာထွန်းက ပြောသည်။
‘‘ကျွန်တော်တို့ကိုဖမ်းတာ တော့ မဟုတ်ပါဘူး။ နှစ်နာရီနီး ပါးလောက် သူတို့စစ်သင်္ဘောပေါ် မှာ ဘယ်သတင်းဌာနကလဲ၊ ဘယ်သူတွေလဲ စစ်ဆေးပြီး အထက်အမိန့်ကို စောင့်နေတာပဲ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် သတင်း ယူခွင့်တားမြစ်ခံရတာတော့ ဒီမို ကရေစီအစိုးရလက်ထက်မှာ မဖြစ်သင့်ပါဘူး။ ဒီဒုက္ခသည် ဓာတ်ပုံတွေက အစိုးရသတင်းစာ ထဲမှာထုတ်ပြန်ပြီးသားပုံတွေပဲ။ တကယ်တမ်း မြန်မာရေတပ်က လူသားချင်းစာနာထောက်ထားမှု နဲ့ ကယ်တင်ထားမှုတွေကိုတောင် ပြနိုင်လို့  Roll တောင်တက်နိုင်တာ ပဲ’’ဟု ၎င်းက ဆက်လက်ပြော ကြားသည်။
ရေတပ်လုံခြုံရေးအရ တပ်မတော်(ရေ)သင်္ဘောများ စခန်းချထားပြီးပါက သင်္ဘောများပတ် ပတ်လည် ဧရိယာကို အခြားသူ များဖြတ်သန်းသွားလာခြင်းမပြု ရသည့်ဧရိယာအဖြစ် သတ်မှတ်နိုင်ကြောင်း မြန်မာအစိုးရပြော ခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြော သည်။
ထို့အပြင် ယခု လိပ်ကျွန်းမှာ တပ်မတော်(ရေ)၏ အခြေ စိုက်ရေတပ်စခန်းရှိနေသည့် အတွက် လုံခြုံရေးအရ ဖြတ်သန်း သွားလာခွင့်မပြုသည့် ကန့်သတ် ဧရိယာဖြစ်ကြောင်း တပ်မတော် အရာရှိကြီးတစ်ဦးက အတည်ပြု သည်။
7 day

No comments:

Post a Comment