Friday 29 May 2015

အသည်းအစားထိုး ကုသရန် လိုအပ်နေသူအတွက် အလှူရှင် ပေါ်ပေါက်

မကွေးမြို့ ပါရမီသွေး သွေးအလှူရှင်အသင်းမှ အဖွဲ့ဝင်တစ်ဦးက အသည်းအစားထိုးကုသရန် လိုအပ်နေသူ တစ်ဦးအား ပထမဆုံးအကြိမ် အသည်းလှူဒါန်းတော့မည်ဖြစ်ကြောင်း  မကွေးပါရမီ သွေးအသင်းမှ သတင်း ရရှိသည်။

အသည်းအလှူရှင် ကို အောင်သူသည် သွေး(၁၆)ကြိမ် လှူဒါန်းဖူးသော မကွေးပါရမီသွေး သွေးလှူရှင် အသင်း၏ အဖွဲ့ဝင်ဖြစ်ပြီး အသည်းအစားထိုးကုသရန် လိုအပ်နေသောဦးရွှေကိုအား လှူဒါန်းမည်ဖြစ်သည်။

‘‘ကျွန်တော်ရော ကျွန်တော့်အမျိုးသမီးကိုရော ခန္ဓာကိုယ်မှာရှိတဲ့ လှူလို့ရတဲ့ဟာဆို လှူမယ်လို့ ဆုံးဖြတ်ပြီး သားပါ။ လှူချင်တယ်ဆိုပေမယ့်လည်း ဆေးစစ်ချက်တွေက အောင်ဦးမှ။ အခုဆေးစစ်ချက်တွေ အကုန် အောင်တယ်။ လှူလို့ရတယ်ဆိုတော့ဝမ်းသာပါ တယ်’’ဟု အသက် (၃၃) နှစ်အ ရွယ် အသည်းအလှူရှင် ကိုအောင်သူက ပြောကြားသည်။

 အသည်းအလှူရှင်  ကို အောင်သူနှင့် အသည်းအစားထိုး ကုသမည့် ဦးရွှေကိုတို့သည် ဇွန်လဆန်း၌ အိန္ဒိယနိုင်ငံChannei ဆေးရုံတွင် ခွဲစိတ်ကုသမှုခံယူမည် ဖြစ်ပြီး အသည်းအလှူရှင်၏ အသည်း ပြန်လည် ကောင်းမွန်လာရန် နှစ်လကြာအချိန်ယူရမည်ဟု အသည်းဆရာဝန်ကြီး ဒေါက်တာခင်မောင်ဝင်းက ပြောကြောင်းကို အောင်သူက ဆိုသည်။

7Day DAILY 

1 comment:

  1. ကျွန်တော်လဲးအသည်းလှူချင်ပါတယ်

    Zarni.tun.5220@facebook.comကိုဆက်သွယ်ပါ

    ReplyDelete