Thursday 29 January 2015

SNDP ပါတီ၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး SNLD ပါတီသို့ကူးပြောင်း

ရှမ်း တိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ (SNDP) ပါတီ၏ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦး သည် မိခင်ပါတီမှနုတ်ထွက်ကာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)သို့ ထပ်မံ ကူး ပြောင်း လာကြောင်း သိရသည်။

နမ္မတူ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စား လှယ် ဒေါ်နန်း ခမ်းအေး သည် သူမ၏ မဲဆန္ဒနယ်မှ ပြည် သူလူထု သုံး ထောင်ကျော်က SNDP ပါတီမှ နုတ်ထွက် ရန် လက်မှတ်ထိုးတောင်းဆိုခြင်း ကြောင့် နုတ် ထွက်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ ၂၇ ရက်က SNLD ၏နမ္မတူမြို့နယ် ရုံးဖွင့်ပွဲအခမ်းအနား တွင် ကူးပြောင်းလာခြင်းဖြစ်သည်။ 

လက်ရှိအချိန်ထိဆိုလျှင် SNDP ပါတီ မှ SNLD ပါတီသို့ ကူးပြောင်းလာသူ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ရှစ်ဦး၊ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် သုံးဦးနှင့်အခြား အဆင့်ပါတီဝင်များလည်း အများအပြား ရောက် ရှိနေပြီဖြစ်သည်။ 

ရှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ ချုပ်ပါတီ(SNLD)အနေဖြင့်လည်း ပါတီကူး ပြောင်းလာသည့် လွှတ် တော် ကိုယ်စားလှယ် များကို အရန်ဗဟိုကော်မတီဝင်အဆင့်သတ် မှတ်ပေးထားကြောင်း သိရသည်။

''ကျွန်တော်တို့ပါတီမှာ ၁၉၉၀ ပြည့်နှစ် ကတည်းက ချမှတ်ထားတဲ့စည်းကမ်းက လွှတ် တော်ကိုယ်စားလှယ် တွေက CC (အရန်ဗဟို ကော်မတီဝင်)အဖြစ် သတ်မှတ်ပေးထားပါ တယ်''ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောသည်။

ယင်းသို့ လွှတ်တော်ကိုယ်စားလှယ် များ နှင့်ပါတီဝင်များ နုတ် ထွက်ရခြင်း အကြောင်း အရင်းမှာလည်း နှစ် ပါတီ ပူးပေါင်းမည့် အရေးကိစ္စတွင် SNDP ပါတီဘက်မှ နှောင့်နှေးကြန့် ကြာနေသည့် အကြောင်းပြချက်ဖြင့် နုတ်ထွက် ကြခြင်းဖြစ်ကြောင်း သိရသည်။ 

SNDPပါတီအနေဖြင့်လည်း ယင်းသို့ လွှတ်တော်ကိုယ်စားလှယ်များ နုတ်ထွက်မှု များပြားနေသဖြင့် လာမည့် ရွေးကောက်ပွဲတွင် ယင်းတို့ပါတီ မှရွေးကောက်ပွဲ ဝင်မည့် ကိုယ်စား လှယ်လောင်းများကို စာချုပ်တစ်ခုချုပ် ကာ ရွေးကောက်ပွဲ ဝင်စေမည်ဖြစ်ကြောင်း သိရ သည်။

NTDW
‎Democracytoday‬

No comments:

Post a Comment