Thursday 29 January 2015

ကချင်ဆရာမ ၂ဦး အသတ်ခံမှု တပ်မတော်ကို စွပ်စွဲရေးသားမှုများ ဥပဒေအရ အရေးယူမည်ဟုဆို


ရှမ်းပြည်မြောက်ပိုင်း ကောင်းခါးရွာ ကချင်ဆရာမ ၂ဦး အသတ်ခံရမှုနှင့် ပတ်သက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ မှုခင်းပိုင်း ဆိုင်ရာ မျက်မြင် တွေ့ရှိချက်များနှင့် ပူးပေါင်းစစ်ဆေးရေး အဖွဲ့များ၏ ဖော်ထုတ်ချက်အရ တပ်မတော်သားများမှာ တရားခံဖြစ်နိုင်ဖွယ်မရှိကြောင်း သုံးသပ်သိရှိရသော်လည်း သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ် တပ်မတော်အပေါ်ပုတ်ခတ် စွပ်စွဲပြောဆိုမှုများ ပြုလုပ်လာကြောင်း တွေ့ရသဖြင့် အမှုမှန်ပေါ်ပေါက်ချိန်တွင် တပ်မတော်
အပေါ် မဟုတ်မမှန်ရေးသားပြောဆိုမှုများနှင့် ပတ်သက်၍ တရားဥပဒေနှင့်အညီဆောင်ရွက်သွား မည်ဟု စစ်တပ် သတင်းဌာန မြ၀တီကို ကိုးကားကာ ယနေ့ ထုတ်အစိုးရသတင်းစာတွင် ဖော်ပြထားသည်။ ယင်းလူသတ်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများတွင် တပ်မတော်အနေဖြင့် အပြည့်အ၀ ၀ိုင်းဝန်းကူညီဆောင်ရွက်နေကြောင်းလည်း ရေးသားသည်။
အသတ်ခံရသူနှစ်ဦးအတွက် ဆုတောင်းပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ – KBC)
ဧရာဝတီ

No comments:

Post a Comment