Thursday 29 January 2015

* အချိန်ပိုင်း သံအမတ် အဖြစ် တစ်နှစ် အတွင်း ၀င်ငွေ ပေါင် ၂ သန်း ကျော် ထိ ရရှိခဲ့သည့် မန်ချက်စတာယူနိုက်တက် နည်းပြဟောင်းကြီး ဖာဂူဆန် *



မန်ချက်စတာ ယူနိုက်တက် အသင်း ဧ။် ဂန္တ၀င် နည်းပြဟောင်းကြီးဆာ အဲလက်စ်ဖာဂူဆန် သည် ယူနိုက်တက် နည်းပြ အဖြစ်မှ အနားယူပြီးကတည်းက အသင်းဧ။် ကမ္ဘာ့ သံတမန် အဖြစ် အချိန်ပိုင်း တာဝန် ထမ်းဆောင်ခဲ့ရာ တစ်နှစ် အတွင်း ၀င်ငွေ ပေါင် ၂ သန်းကျော်ထိ ရှိခဲ့ကြောင်း သိရသည်။ ယူနိုက်တက် နည်းပြဟောင်းကြီး သည် အိုးထရက်ဖို့ ဒ် ကွင်းတွင် နှစ်ပေါင် ၂၆ နစ် ကျော် တာဝန် ယူထမ်းဆောင်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၂ ဘောလုံးရာသီ အပြီးတွင် အနားယူခဲ့ပြီး အသင်း ဧ။် အချိန်ပိုင်း သံတမန် မဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။
နည်းပြ အဖြစ်မှ အနားယူပြီးကတည်းက ၂၀၁၃ အောက်တိုဘာ လတွင် ယူနိုက်တက် ဧ။် အချိန်ပိုင်း သံတမန် အဖြစ် စတင်တာဝန် ယူကတည်းက ပြီးခဲ့သည့် ဇွန်လ အထိ နည်းပြဟောင်းကြီး ဧ။် တစ်နှစ်တာ အချိန်ပိုင်း ၀င်
ငွေမှာ ပေါင် ၂၁၆၅၀၀၀ ထိ ၀င်ငွေ ရှိခဲ့သည်။ ဆာအဲလ်က်စ် ဖာဂူဆန် ဧ။် အချိန်ပိုင်း တစ်နေ့ တာ ၀င်ငွေမှာ ပေါင် ၁ သိန်း ထိ ရှိကြောင်း သိရသည်။
မန်ချက်စတာ ယူနိုက်တက် အသင်း သည် ဆာအဲလက်စ် ဖာဂူဆန် နည်းတူ အသင်း ဧ။် ဂန္တ၀င် ကစားသမား ဟောင်းကြီး နှင့် အသင်း ဧ။် သံတမန် အဖြစ်နှစ်ပေါင်းများစွာ တာဝန် ထမ်းဆောင်ခဲ့သည့် အင်္ဂလန် အမြဲတမ်း ဂိုးသွင်းဘုရင်ကြီး ဆာ ဘော်ဘီချာလ်တန် အားလည်း ပေါင် ၁ သိန်း ၅ ထောင် အထိ ပေးအပ်ခဲ့ကြောင်း သိရသည်။
ယူနိုက်တက် အသင်းသည် အသင်း ဧ။် ရှယ်ယာ တန်ဖိုးများ မြင့်တက် လာခဲ့မှု နဲ့ အတူ အသင်း ဧ။် စပွန်ဆာ ၀င်ကြေး ပုံရိပ် ၀င်ငွေ တွေ ကြောင့် ၀င်ငွေ များမြင့်တက်လာသဖြင့် အသင်း ဧ။် သမိုင်းကို ထုဆစ်ခဲ့ကြရာတွင် ပါဝင်သည့် ပုဂ္ဂိုလ်
များ အား ယခုကဲ့သို့  ချီးမြင့် ထားခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ အတူ ယူနိုက်တက် အသင်း သည် အသင်း ဧ။် ဒုတိယ ဥက္ကဌ အက်ဒ်ဝုဒ် အား လည်း အင်္ဂလန် ဘောလုံးလောက မှ အကြီးအကဲ တစ်ယောက် ဧ။် အ မြင့်ဆုံး ၀င်ငွေ ဖြစ်သည့် ပေါင် ၂.၅၂၁ သန်း ပေးဆောင်ခဲ့ကြောင်း သိရသည်။ အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးလောက ၌ ၀င်ငွေ အကောင်းဆုံး အသင်း ဥက္ကဌ များ မှာ အာဆင်နယ် ဧ။် အကြီးအကဲ အီဗန်ဂါဇီဒစ် ၂.၁၉ သန်း နှင့် မန်ချက်စတာစီးတီး အသင်း ဧ။် ဥက္ကဌ ဖာရန် ဆိုရန်နို ၂ သန်း တို့  ဖြစ်ကြသည်။
( Daily Mail )

No comments:

Post a Comment