Thursday 29 January 2015

* စကားပြော ဆင်ခြင်ဖို့  BBC ဧ။် သတိပေးခြင်း ခံရသည့် ဖီးလ်နယ်ဗီးလ် *



BBC ဧ။် အားကစား ရုပ်သံ အစီစဉ်တွင် ပွဲစဉ် သုံးသပ်သူ အဖြစ်တာဝန် ထမ်းဆောင်နေသည့် မန်ယူ နှင့် အဲဗာတန် တို့ ဧ။် ကွင်းလယ် လူဟောင်း ဖီးလ်နယ်ဗီးလ် သည် အာဆင်နယ် အသင်း ဧ။် ကွင်းလယ်လူ ရိုဆစ်စကီး အား မသင့်တော်သည့် အသုံး အနှန်း ဖြင့် ပြောဆို သုံးသပ်ခဲ့သဖြင့်BBC ရုပ်သံ ဧ။် သတိပေးခြင်း ခံလိုက်ရကြောင်း သိရသည်။
ဘရိုက်တန် အသင်း အား အိမ်ကွင်း တွင် ၃ ဂိုး ၂ ဂိုး ဖြင့် အနိုင်ရရှိခဲ့သည့် အက်ဖ်အေ ဖလားစတုတ္ထ အဆင့် ပွဲစဉ် တွင် အနိုင်ရွှေဂိုး အား လှပစွာသွင်းယူပေးခဲ့သည့် ရိုဆစ်စကီး အား မိမိသာ ဘရီုက်တန် နောက်ခံလူ ဆိုပါက
ခြေစုံပစ်ပြီး ရိုက်ချိုးပစ်မည် ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဖီးလ်နယ်ဗီးလ် ဧ။် အပြောအဆို အား ခဏလေး အတွင်း လူမှု ကွန်ယက်ပေါ်တွင် ဝေဖန်မှု များ ကြီးထွားလာခဲ့ပြီး နောက် အင်္ဂလန် လက်ရွေးစင် ဟောင်းက သူဧ။် တွဒ်တာ မှ တစ်ဆင့် ပြန်လည် တောင်းပန် ခဲ့သည်။
ဖီးလ်နယ်ဗီးလ် ဧ။် ရင့်သီးတဲ့ စကား အား အာဆင်နယ် အသင်း နည်းပြ ကြီး က ပြန်လည် ပြောကြားခဲ့ရာတွင် .....
. " တကယ်လို့  ခင်ဗျား အနေနဲ့  ဘောလုံး အားကစား ကို တကယ် ချစ်မြတ်နိုးတယ် ဆိုရင် ၊ ဘောလုံး အားကစား ကို တကယ်ချစ်မြတ်နိုးတဲ့ သူတိုင်း ရိုဆစ်စကီး ကို ချစ်ကြပါတယ် " ဟု ပြန်လည် တုန့် ပြန် ခဲ့သည်။
BBC တာဝန်ရှိသူ ဂယ်ရီ လိုင်ကာ က ပြောကြားခဲ့ရာတွင် ......" သူ ရဲ့  ရုတ်တရက် ပြောခဲ့တဲ့ စကားလုံး က အဖွဲ့ နဲ့ တော့ မဆိုင်ပါဘူး ၊ သူဟာဒီ စကားလုံး ကို ရယ်စရာ ပျက်လုံး တစ်ခု အနေနဲ့ သာ ပြောဖြစ်ခဲ့တာ နေမှာပါ ။
သေချာတာကတော့ ကျနော် တို့ မှာ တစ်စုံတစ်ယောက်က မှ ဒီလို ပြောဖို့  အခွင့်ရေး မရှိပါဘူး ။ သူ့ ကို သတိပေးသွားမှာပါ ၊ သူ့ အနေနဲ့  စကားလုံး ရဲ့  အဓိပ္ပာယ် တွေကို ဂရုပြုဖို့  လိုပါမယ် " ဟု ပြောကြား သွားခဲ့သည်။
 ( Daily Mail )

No comments:

Post a Comment