Thursday 29 January 2015

မြစ်ကြီးနား - ဖားကန့် ကားလမ်းမပေါ်တွင် KIA အဖွဲ့မှ မော်တော်ယာဉ်များအား ဆက်ကြေးကောက်ခံ လျက်ရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဖားကန့် ကားလမ်းမပေါ်တွင် သွားလာနေသော မော်တော်ယာဉ်ကြီး/ငယ်များ အား ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ ဆက်ကြေးငွေများတောင်းခံနေကြောင်း မြစ်ကြီး နား မြို့တွင် နေထိုင်သော ခရီးသည်တင်(ဘင်ကား) မောင်းသူတစ်ဦးမှပြောပြသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီလ ၂၈ ရက်နေ့တွင် မြစ်ကြီးနား-ဖားကန့်မြို့ ကားလမ်းပေါ်တွင် သွားလာနေသော မော် တော်ယာဉ်များအား KIA အဖွဲ့မှ မအူပင်ကျေးရွာ အထွက်တွင် ရပ်တန့်စေပြီး စစ်ဆေးမည်ဟု အကြောင်း ပြကာ ဆက်ကြေးငွေအဖြစ် ကားကြီး တစ်စီးလျှင် (၅၀၀၀၀) ကျပ်နှင့် ကားအသေးတစ်စီးလျှင် (၃၀၀၀၀) ကျပ်နှုန်း ကောက်ခံနေကြောင်း ဆက်ကြေး ငွေများအား မပေးဆောင်ပါက ဖမ်းဆီးခေါ်ဆောင် သွာမည် ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုသဖြင့် ပေးခဲ့ရကြောင်း မြစ်ကြီးနားမှ ဖားကန့်သို့ ပြေးဆွဲနေသော ယာဉ် မောင်း တစ်ဦးမှ ပြောပြခဲ့ပါသည်။

ယင်းကဲ့သို့ဆက်ကြေးကောက်ခံခြင်းများအပြင် မော်တော်ယာဉ်ပေါ်တွင်ပါရှိသော ခရီးသည်များထံမှ အစား အသောက်များနှင့် အသုံးအဆောင်များအား အတင်းအကြပ် တောင်းခံမှုများလည်း ပြုလုပ်ခဲ့ကြောင်း ခရီးသည် တစ်ဦးမှလည်း ထပ်မံပြောကြားခဲ့ပါသည်။

၎င်းဖြစ်စဉ်များသည် ကချင်ပြည်နယ်၊ ဖားကန့်ဒေသအတွင်း အစိုးရ တပ်မတော်နှင့် KIA အဖွဲ့များ တိုက်ပွဲ များ ဖြစ်ပွားမှုလျော့ နည်းလာပြီး ပြန်လည် တည်ငြိမ်စအချိန်တွင် ဒေသခံပြည်သူလူထုများမှာ အရောင်း အ၀ယ်နှင့် စီးပွားရေးလုပ်ငန်းများအား လုပ်ကိုင်ရန် အစပြုချိန်တွင် ယခုကဲ့သို့ KIA အဖွဲ့မှ ဒေသခံခရီးသွား များ ထံမှ ဆက်ကြေးကောက် ခံနေခြင်းဖြစ်ကြောင်း မြစ်ကြီးနား-ဖားကန့် ကားဂိတ်ပိုင်ရှင်တစ်ဦးမှ ပြောသည်။

ထို့အပြင် KIA အဖွဲ့အနေဖြင့် ဖားကန့်မြို့နယ် အတွင်းရှိ ရဲစခန်းနှင့် အစိုးရရုံးများ အဆောက်အဦများအား ပစ်မှတ်ထားပြီး မိုင်းခွဲတိုက်ခိုက်မှုများ ဆက်တိုက်ပြု လုပ်လျက်ရှိကြောင်းနှင့် ယင်းကဲ့သို့ လုပ်ဆောင်မှုများ ကြောင့် ဒေသ ခံပြည်သူလူထုများမှာ တိုက်ပွဲများ ငြိမ်သက်သွားသော်လည်း စိုးရိမ်ထိတ်လန့်မှုများ ရှိနေ သေးကြောင်း ဖားကန့်မြိုနယ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမှ လည်း ပြောကြားခဲ့ပါသည်။

ဇော်ဟန် (ဖားကန့်)
Credit >>> Kachin Daily News

No comments:

Post a Comment