Thursday 29 January 2015

ခိုဘာနီမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မြို့အနီးကျေးရွာများမှ IS များကို ကာ့ဒ်များ ဆက်လက်တိုက်

ဆီးရီးယားနယ်စပ်ရှိ ခိုဘာနီမြို့ ကှိှု ဂျီဟတ်များထံမှ ပြန်လည်သိမ်း ပိုက်နိုင်ခဲ့ပြီးနောက် ကာ့ဒ်တပ်ဖွဲ့များ သည် ခိုဘာနီမြို့အနီးရှို တို့ သိမ်း ပိုက်ထားရာ ကျေးရွာများကို ထပ်မံ တိုက်ခိုက်မှု ပြုလုပ်နေကြောင်း AFP သတင်းအရ သိရသည်။

ခိုဘာနီမြို့ကို ကာ့ဒ်များပြန်သိမ်း နိုင်ခဲ့ခြင်းကြောင့် တူရကီဘက်သို့ လေးလကျော်ကြာ စစ်ရှောင်နေရ သည့် ခိုဘာနီဒေသခံများက ¤င်းတို့ နေရပ်ဟောင်းကို ပြန်လာရန် ပြင် ဆင်နေကြပြီဖြစ်သည်။ ခိုဘာနီမြို့ သည် စစ်ရေးမဟာဗျူဟာများအရ အရေးပါသော မြို့ဖြစ်ပြီး ယင်းကို ဆုံးရှုံးရခြင်းက IS များအတွက် ကြီး မားသည့် ထိုးနှက်ချက်လည်းဖြစ် သည်။ 

သို့သော် ကာ့ဒ်များအနေဖြင့် ခိုဘာနီမြို့တွင် ကြီးမားသည့် ပြန်လည် တည်ဆောက်မှုများနှင့် အတူ မြို့အနီး မှု တို့ သိမ်းပိုက်ထားရာ ကျေးရွာ များကို ထပ်မံသိမ်းပိုက်ရန် လိုအပ် နေသေးသည်ဟု လေ့လာသူများက သုံးသပ်သည်။ 

ကာ့ဒ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (YPG) က တနင်္လာ နေ့တွင် ခိုဘာနီမြို့ကို ပြန်သိမ်းနိုင်ခဲ့ သည်ဟု ကြေညာခဲ့ပြီး ယင်းက ဆီးရီးယားနှင့် အီရတ်ရှိနယ်မြေများ ရှိ ၄င်းတို့၏ ခါလီဖိတ်ကိုတိုးချဲ့မည့် IS တို့၏ ရည်ရွယ်ချက်ကို ထိခိုက်စေ ခဲ့သည်။ 

ခိုဘာနီမြို့၏ အရှေ့တောင် ဘက်နှင့် အနောက်တောင်ဘက်ရှိ IS တို့ သိမ်းပိုက်ထားရာ ကျေးရွာများ ကို အင်္ဂါနေ့ နှောင်းပိုင်းအထိ ကာ့ဒ် များက မရပ်မနားတိုက်ခိုက်နေသည် ဟုလည်း ဗြိတိန်အခြေစိုက်ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့က ဆိုသည်။

လက်ရှိအချိန်တွင် IS တို့၏ ခိုဘာနီမြို့အား ကာလရှည်တိုက်ခိုက် မှုကြောင့် တူရကီဘက်သို့ ထွက်ပြေး နေရသည့် ခိုဘာနီနှင့်အနီးပတ်ဝန်း ကျင်ဒေသများတွင် နေထိုင်ခဲ့သူ ၂ဝဝ,ဝဝဝ ခန့်က နယ်စပ်သို့ပြန် ရောက်လာပြီး ပိတ်ထားသော နယ်စပ် ဒေသကို ဖြတ်ကျော်ရန်ပြင်ဆင်နေ သည်။ 

အမေရိကန် ဦးဆောင်သည့် မဟာမိတ်အဖွဲ့သည်လည်း IS များကို လေကြောင်းတိုက်ခိုက်မှုများ ဆက် လက်ပြုလုပ်နေပြီး ကာ့ဒ်များ ခိုဘာနီမြို့ကို သိမ်းပိုက်နိုင်ခြင်းတွင် မဟာမိတ်အဖွဲ့၏ လေကြောင်း တိုက် ခိုက်မှုက အရေးပါသည့် ကဏ္ဍတွင် ပါဝင်သည်။

Ref: AFP
Democracytoday

No comments:

Post a Comment