Thursday 29 January 2015

ရော်နယ်ဒိုကို ၂ ပွဲပယ်ပြစ်ဒဏ် ချမှတ်



ပြိုင်ဘက်ကစားသမားကို ကန်ကျောက်ခဲ့တဲ့ ရီးရဲမက်ဒရစ်အသင်းက ခရစ္စတီယာနို ရော်နယ်ဒိုကို စပိန်ဘောလုံးအဖွဲ့ချုပ်က ၂ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ ဒီအတွက် လာမဲ့ လာလီဂါပွဲတွေဖြစ်တဲ့ ရီးယဲလ်ဆိုစီဒက်၊ ဆီးဗီးလားတို့ကစားမယ့် ပွဲစဉ်တွေမှာ ကစားခွင့်မရတော့ပါဘူး။
ပြီးခဲ့တဲ့အပတ်က ကော်ဒိုဘာအသင်း ကို ၂ ဂိုး ၁ ဂိုး နဲ့  အနိုင်ရခဲ့တဲ့ ပွဲမှာ ပွဲ ပြီးကာနီး ရော်နယ်ဒို က ကော်ဒိုဘာနောက်ခံလူ အဒီမာရ်ကို ကန်ကျောက်ခဲ့ပြီး မျက်နှာကိုရိုက်ဖို့  လက်နဲ့ရွယ်ခဲ့ပါတယ်။
ဒီလုပ်ရပ်ကြောင့် ကွင်းလယ်ဒိုင်လူကြီးက ရော်နယ်ဒိုကို တိုက်ရိုက်အနီကဒ် နဲ့  ထုတ်ပယ်ခဲ့ပါ တယ်။
အဒီမာရ်က ဒီကိစ္စကို အရေးယူပေးဖို့ လာလီဂါစည်းကမ်း ထိန်းသိမ်းရေး ကော်မတီကို တိုက်တွန်းခဲ့ပြီး ရော်နယ်ဒိုကလည်း ဒီအဖြစ် အပျက်အတွက် အလျင်အမြန် တောင်းပန်ခဲ့ပါတယ်။
လာလီဂါ စည်းကမ်းထိန်းသိမ်းရေးကော်မတီက စုံစမ်းစစ်ဆေး မှုများပြု လုပ်ပြီးနောက် ရော်နယ်ဒို ကို ၂ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့တာပါ။
ရော်နယ်ဒို ဟာ အခုနှစ်ဘောလုံးရာသီ မှာ ရီးယဲလ်အတွက် စုစုပေါင်း ၃၁ ပွဲကစားပေးထားပြီး ၃၆ ဂိုး သွင်းယူပေးထားပါတယ်။
DVB

No comments:

Post a Comment