Thursday 29 January 2015

ငါး၊ ပုစွန်အအေးခန်းစက်ရုံမီးလောင် မီးသတ်သမားများ အပါအ၀င် ကိုးဦးဒဏ်ရာရ

Photo: ငါး၊ ပုစွန်အအေးခန်းစက်ရုံမီးလောင် မီးသတ်သမားများ အပါအ၀င် ကိုးဦးဒဏ်ရာရ
Thursday, January 29, 2015

 ရွှေပြည်သာမြို့နယ် စက်မှုဇုန်-၂ ရှိ ငါး၊ ပုစွန်အအေး ခန်းစက်ရုံ ရော်ဘာသန့်စင်ရေး ဂိုဒေါင်တွင် ရော်ဘာပေါင်းခံရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား ခဲ့ပြီး မီးသတ်သမားလေးဦးအပါ အ၀င် ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

အမှတ် (၁၈) ရပ်ကွက် ဗန်း မော်အတွင်းဝန်လမ်းရှိ High Win ငါး၊ ပုစွန်အအေးခန်း ကုမ္ပဏီတွင် ဇန်န၀ါရီ ၂၈ ရက် ညနေ ၄ နာရီခွဲခန့်က ရော်ဘာသန့်စင်သော ပေါင်းခံစက် အပူလွန်ကဲကာ ရော်ဘာပစ္စည်းများ မီးစတင်လောင် ကျွမ်းခဲ့ပြီး မီးသတ်ကားအစီး ၃၀ကျော်ဖြင့်ငြှိမ်းသတ်ခဲ့ရာ လောင်ကျွမ်းချိန် တစ်နာရီကျော်ကြာမြင့်ခဲ့သည်။

ရော်ဘာပစ္စည်း ဆုံးရှုံးမှုတန် ဖိုး ကျပ်ခြောက်သိန်းကျော်နှင့် အခြားစက်ပစ္စည်းပျက်စီးမှုများလည်း ရှိမည်ဟု ခန့်မှန်းရသည်။

ထိခိုက်ဒဏ်ရာရသူအများစု မှာ ရော်ဘာများမီးလောင်၍ ထွက် လာသော အခိုးအငွေ့များကြောင့် အသက်ရှူကျပ်ပြီး မူးလဲခြင်းဖြစ် ကြောင်း၊ မီးသတ်သမားသုံးဦးနှင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း ကြက်ခြေနီအဖွဲ့ဝင်တစ်ဦးကပြောကြားသည်။

မီးလောင်မှုမှာ အဆောက် အအုံအပြင် မထွက်ဘဲ အတွင်း တွင် အခိုးများပိတ်၍ လောင်ကျွမ်းနေခဲ့ပြီး အလုပ်သမားများ သတိထားမိမှ မီးသတ်ကို အကြောင်းကြားခြင်းဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက ပြောသည်။

‘‘မီးလောင်လို့ ထွက်လာတဲ့ ရော်ဘာအနံ့ကို မခံနိုင်လို့ မီးသတ် တပ်ဖွဲ့ဝင်တွေက အောက်ဆီဂျင် မျက်နှာဖုံးတပ်ပြီး ၀င်ရတယ်’’ ဟု ၎င်းက ပြောသည်။

7Day DAILY 

မီးငြှိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)

မီးငြှိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)

 ရွှေပြည်သာမြို့နယ် စက်မှုဇုန်-၂ ရှိ ငါး၊ ပုစွန်အအေး ခန်းစက်ရုံ ရော်ဘာသန့်စင်ရေး ဂိုဒေါင်တွင် ရော်ဘာပေါင်းခံရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား ခဲ့ပြီး မီးသတ်သမားလေးဦးအပါ အ၀င် ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

အမှတ် (၁၈) ရပ်ကွက် ဗန်း မော်အတွင်းဝန်လမ်းရှိ High Win ငါး၊ ပုစွန်အအေးခန်း ကုမ္ပဏီတွင် ဇန်န၀ါရီ ၂၈ ရက် ညနေ ၄ နာရီခွဲခန့်က ရော်ဘာသန့်စင်သော ပေါင်းခံစက် အပူလွန်ကဲကာ ရော်ဘာပစ္စည်းများ မီးစတင်လောင် ကျွမ်းခဲ့ပြီး မီးသတ်ကားအစီး ၃၀ကျော်ဖြင့်ငြှိမ်းသတ်ခဲ့ရာ လောင်ကျွမ်းချိန် တစ်နာရီကျော်ကြာမြင့်ခဲ့သည်။

ရော်ဘာပစ္စည်း ဆုံးရှုံးမှုတန် ဖိုး ကျပ်ခြောက်သိန်းကျော်နှင့် အခြားစက်ပစ္စည်းပျက်စီးမှုများလည်း ရှိမည် ဟု ခန့်မှန်းရသည်။

ထိခိုက်ဒဏ်ရာရသူအများစု မှာ ရော်ဘာများမီးလောင်၍ ထွက် လာသော အခိုးအငွေ့များကြောင့် အသက်ရှူကျပ်ပြီး မူးလဲခြင်းဖြစ် ကြောင်း၊ မီးသတ်သမားသုံးဦးနှင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း ကြက်ခြေနီအဖွဲ့ဝင်တစ်ဦးကပြောကြားသည်။

မီးလောင်မှုမှာ အဆောက် အအုံအပြင် မထွက်ဘဲ အတွင်း တွင် အခိုးများပိတ်၍ လောင်ကျွမ်းနေခဲ့ပြီး အလုပ်သမားများ သတိထားမိမှ မီးသတ်ကို အကြောင်းကြားခြင်းဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက ပြောသည်။

‘‘မီးလောင်လို့ ထွက်လာတဲ့ ရော်ဘာအနံ့ကို မခံနိုင်လို့ မီးသတ် တပ်ဖွဲ့ဝင်တွေက အောက်ဆီဂျင် မျက်နှာဖုံးတပ်ပြီး ၀င်ရတယ်’’ ဟု ၎င်းက ပြောသည်။

7Day DAILY

No comments:

Post a Comment